ဟေ​ရှာ​ယ 48:1-6 BJB

1 အို ယာကုပ်အမျိုး၊ ဣသရေလဟူ၍ သမုတ်ခြင်းကို ခံသောသူ၊ ယုဒစမ်းရေတွင်းမှ ထွက်စီးသောသူ၊ ထာဝရဘုရား၏ နာမတော်အားဖြင့် ကျိန်ဆိုသောသူ၊ သစ္စာမရှိ၊ တရားနှင့်မညီဘဲ ဣသရေလအမျိုး၏ ဘုရား သခင်ကို ချီးမွမ်းသောသူ၊

2 သန့်ရှင်းသော မြို့တော်အလိုက်၊ ကိုယ်ကိုကိုယ် သမုတ်သောသူ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားတည်းဟူသော ဘွဲ့နာမရှိသော ဣသရေလအမျိုး ၏ ဘုရားသခင်ကို မှီခိုသော သူတို့၊ နားထောင်ကြလော့။

3 ဖြစ်ဘူးသောအရာတို့ကို အထက်က သင်တို့အား ငါဟောလေပြီ။ ထိုအရာတို့သည် ငါ့နှုတ်မှထွက်၍ ထင်ရှားကြပြီ။ ချက်ခြင်း ငါပြုသောကြောင့် ဖြစ်ကြပြီ။

4 သင်သည် ခိုင်မာသောသဘော၊ သံချောင်း လည်ပင်း၊ ကြေးဝါနဖူးနှင့် ပြည့်စုံသည်ကို ငါသိသောကြောင့်၊

5 အထက်က သင့်အား ငါဟောပြီ။ အမှုမဖြစ်မှီ ငါဘော်ပြပြီ။ သို့ဖြစ်၍ သင်က ၊ ငါ၏ရုပ်တုသည် ဤအမှုကို ပြုပြီ။ ငါထုသော ရုပ်တု၊ ငါသွန်းသော ရုပ်တုသည် ဤအမှုကို စီရင်ပြီဟု ပြောရသောအခွင့်မရှိ။

6 သင်သည် အရင်ကြားရပြီ။ ဤအမှုအလုံးစုံတို့ကို ကြည့်ရှုလော့။ သူတပါးတို့အား မကြားမပြောဘဲ နေမည်လော။ ယခုမှစ၍ အသစ်သောအရာ၊ ဝှက်ထားသောအရာ၊ သင်မသိသေးသောအရာတို့ကို ငါဘော်ပြ၏။