ဟေ​ရှာ​ယ 48:18-22 BJB

18 သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါစေသော။ သို့ပြုလျှင်၊ သင်၏ချမ်းသာသည် မြစ်ကဲ့သို့၎င်း၊ သင်၏ဖြောင့်မတ်ခြင်းပါရမီသည် သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့၎င်း ဖြစ်ရလိမ့်မည်။

19 သင်၏ အမျိုးအနွယ်သည် သဲလုံးကဲ့သို့၎င်း၊ သင်၏သားမြေးတို့သည်၊ သမုဒ္ဒရာကျောက်စရစ်ကဲ့သို့၎င်း ဖြစ်ရကြလိမ့်မည်။ သင်၏နာမသည် ငါ့ရှေ့မှာ မပြတ်၊ မပျက်မစီးရ။

20 ဗာဗုလုန်မြို့ထဲက ထွက်ကြလော့။ ရွှင်လန်းစွာ သီချင်းသံနှင့် ခါလဒဲလူတို့နေရာမှ ပြေးကြလော့။ ဤသိတင်းစကားကို မြေကြီးစွန်းတိုင်အောင် ပြန်ပြောမြွက်ဆို၍ အသံကို လွှင့်ကြလော့။ ထာဝရဘုရားသည် မိမိကျွန်ယာကုပ်ကို ရွေးနှုတ်တော်မူပြီဟု ပြောဆိုကြလော့။

21 သူတို့သည် တောလမ်းဖြင့် ဆောင်သွားတော်မူခြင်းကို ခံသောအခါ ရေမငတ်ကြ။ သူတို့အဘို့ ကျောက်ထဲက ရေကို စီးစေတော်မူ၏။ ကျောက်ခဲကိုပင် ခွဲတော်မူသဖြင့်၊ ရေသည် စီးထွက်လေ၏။

22 မတရားသော သူတို့၌ ချမ်းသာမရှိဟု ထာဝရဘုရားမိန့်တော်မူ၏။