ဟေ​ရှာ​ယ 51:15-21 BJB

15 ငါသည် သမုဒ္ဒရာကို ဆုံးမ၍ လှိုင်းတံပိုးကို ဟုန်းစေသော သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ထိုဘုရား၏နာမတော်ကား၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားပေတည်း။

16 မိုဃ်းကောင်းကင်ကို ဆောက်၍၊ မြေကြီးကို တည်စေခြင်းငှါ၎င်း၊ သင်သည် ငါ၏လူမျိုးဖြစ်၏ဟု ဇိအုန်မြို့ကို ပြောစေခြင်းငှါ၎င်း၊ ငါ့စကားကို သင်၏နှုတ်ထဲမှာ ငါထားပြီ။ ငါ့လက်၏အရိပ်နှင့် သင့်ကို ငါမိုးပြီ။

17 ထာဝရဘုရား၏လက်တော်၌ အမျက်တော်ဖလားကို သောက်သော ယေရုရှလင်မြို့၊ နိုးလော့။ နိုး၍ ထလော့။ သင်သည် တုန်လှုပ်စေသောဖလားကို အကုန် သောက်ခဲ့ပြီ။ အနည်အဖက်ကိုလည်းညှစ်ခဲ့ပြီ။

18 ကိုယ်တိုင်ဘွားမြင်သော သားတို့တွင်၊ သင့်ကို လမ်းပြသော သူတယောက်မျှမရှိ။ ကိုယ်တိုင်မွေးစားသော သားတို့တွင်၊ သင့်ကို လက်ဆွဲသော သူတယောက်မျှမရှိ။

19 အစာခေါင်းပါး၍ လူဆိတ်ညံခြင်းဘေး၊ ထားဖြင့် ဖျက်ဆီးခြင်းဘေးတည်းဟူသော ဘေးနှစ်ပါးတို့သည် သင်၏အပေါ်မှာ ရောက်လာသည်ဖြစ်၍၊ သင့်အတွက် အဘယ်သူ ငိုကြွေးမြည်တမ်းသနည်း။ ငါသည် အဘယ်သို့ ချမ်းသာပေးနိုင်သနည်း။

20 သင်၏သားတို့သည် မိန်းမောတွေဝေကြ၏။ ကျော့ကွင်း၌ဘမ်းမိသော စိုင်ကဲ့သို့ ခပ်သိမ်းသော လမ်း ဝမှာအိပ်၍၊ ထာဝရဘုရား၏ အမျက်ထွက်တော်မူခြင်း၊ သင်၏ဘုရားသခင်ဆုံးမတော်မူခြင်းနှင့်ဝကြ၏။

21 သို့ဖြစ်၍၊ ညှဉ်းဆဲခြင်းကို ခံရသောသူ၊ စပျစ်ရည်မှတပါး အခြားသော ယစ်မျိုးနှင့်ယစ်မူးသောသူ၊ နားထောင်လော့။