ဟေ​ရှာ​ယ 51:20-23 BJB

20 သင်၏သားတို့သည် မိန်းမောတွေဝေကြ၏။ ကျော့ကွင်း၌ဘမ်းမိသော စိုင်ကဲ့သို့ ခပ်သိမ်းသော လမ်း ဝမှာအိပ်၍၊ ထာဝရဘုရား၏ အမျက်ထွက်တော်မူခြင်း၊ သင်၏ဘုရားသခင်ဆုံးမတော်မူခြင်းနှင့်ဝကြ၏။

21 သို့ဖြစ်၍၊ ညှဉ်းဆဲခြင်းကို ခံရသောသူ၊ စပျစ်ရည်မှတပါး အခြားသော ယစ်မျိုးနှင့်ယစ်မူးသောသူ၊ နားထောင်လော့။

22 သင်၏အရှင်၊ မိမိလူတို့၏အမှုကို စောင့်တော်မူသော သင်၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကြည့်ရှုလော့။ တုန်လှုပ်စေသော ဖလား၊ ငါ့အမျက်တော်ဖလား၏ အနည်အဖတ်ကို သင်၏လက်မှ ငါရုပ်၍၊ သင်သည် နောက်တဖန်မသောက်ရ။

23 သင်သည်ခရီးသွားသော သူတို့ရှေ့မှာ ကိုယ်ကို မြေတန်တားလုပ်၍၊ အလျားဝပ်စေခြင်းငှါ ဝပ်လျက်နေတော့။ ငါကျော်သွားမည်ဟုဆို၍၊ သင့်ကို ညှဉ်းဆဲသော သူတို့လက်၌ ထိုဖလားကိုငါထားမည်။