ဟေ​ရှာ​ယ 52:1-4 BJB

1 အို ဇိအုန်မြို့၊ နိုးလော့။ နိုး၍ ခွန်အားကို ယူလော့။ အိုယေရုရှလင်မြို့တည်းဟူသော၊ သန့်ရှင်းသော မြို့၊ သင်၏တင့်တယ်သော အဝတ်တန်ဆာတို့ကို ဝတ်ဆင်လော့။ အကြောင်းမူကား၊ နောက်တဖန်အရေဖျား လှီးခြင်းကို မခံသောသူနှင့် ညစ်ညူးသော သူတို့သည် သင်၏အထဲသို့ မဝင်ရကြ။

2 အိုယေရုရှလင်မြို့၊ ကိုယ်၌ ကပ်သော မြေမှုန့်ကို ခါလိုက်၍၊ မြင့်သောအရပ်၌ ထိုင်လော့။ အိုချုပ်ထား လျက်ရှိသော ဇိအုန်သတို့သမီး၊ သင်၏လည်ကြိုးကို ချွတ်လော့။

3 ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ သည် ကိုယ်ဘိုးငွေကို မရဘဲ ကျွန်ခံရသည်ဖြစ်၍၊ ငွေမပေးဘဲ ရွေးခြင်းသို့ ရောက်ကြလိမ့်မည်။

4 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏လူတို့သည် အထက်က အဲဂုတ္တုပြည်၌ တည်းခိုအံ့သောငှါ သွားကြ၏။ နောက်မှ အာရှုရိလူတို့သည် အကြောင်းမရှိဘဲ ညှဉ်းဆဲကြ၏။