ဟေ​ရှာ​ယ 55:2-8 BJB

2 အစာမဟုတ်သောအရာအဘို့ သင်တို့ငွေကို၎င်း၊ အမွတ်မပြေနိုင်သောအရာအဘို့ သင်တို့ဥစ္စာကို၎င်း၊ အဘယ်ကြောင့် ကုန်စေကြသနည်း။ ငါ့စကားကို စေ့စေ့ နားထောင်လျက်၊ ကောင်းသောအစာကို စားကြလော့။ သင်တို့၏ဝိညာဉ်သည် ချိုသောအရာတို့၌ မိမိကိုမိမိ မွေ့လျော်စေလိမ့်မည်။

3 နူးညွတ်သော နားနှင့် ငါ့ထံသို့ လာကြလော့။ နားထောင်ကြလော့။ သို့ပြုလျှင် သင်တို့၏ ဝိညာဉ်သည် အသက်ရှင်ရလိမ့်မည်။ ငါသည်လည်း၊ သင်တို့နှင့် ထာဝရ ပဋိညာဉ်ပြု၍၊ ဒါဝိဒ်၌ မြဲမြံသော ကျေးဇူးတော်ကို သင်တို့ အားပေးမည်။

4 ကြည့်ရှုလော့။ ထိုသူကို ဥပဇ္ဈာယ်ဆရာဖြစ်စေခြင်းငှါ၎င်း၊ စီရင်အုပ်စိုးသော အရှင်ဖြစ်စေခြင်းငှါ၎င်း၊ လူမျိုးတို့အား ငါပေးပြီ။

5 ကြည့်ရှုလော့။ သင်သည် မသိဘူးသော လူမျိုးကို ခေါ်လိမ့်မည်။ သင့်ကို မသိဘူးသော လူမျိုးတို့သည်လည်း၊ သင်၏ဘုရားသခင် ထာဝရဘုရား၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကြောင့်၊ သင့်ထံသို့ ပြေးလာကြလိမ့်မည်။ ထိုဘုရားသည် သင်၏ဘုန်းကို ပွင့်စေတော်မူ၏။

6 တွေ့နိုင်သည် ကာလတွင် ထာဝရဘုရားကို ရှာကြလော့။ နီးတော်မူသည်ကာလတွင် ဆုတောင်း ပဌနာပြုကြလော့။

7 ဆိုးသော သူသည် မိမိလမ်းကို၎င်း၊ မတရားသောသူသည် မိမိအကြံတို့ကို၎င်း စွန့်ပစ်၍၊ ထာဝရ ဘုရားထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် သနားတော်မူလိမ့်မည်။ ငါတို့ ဘုရားသခင့်ထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကို လွှတ်တော်မူလိမ့်မည်။

8 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ၏ အကြံအစည်သည် သင်တို့၏ အကြံအစည်နှင့်မတူ။ ငါ၏ အကျင့်သည်လည်း သင်တို့၏ အကျင့်နှင့်မတူ။