ဟေ​ရှာ​ယ 59:1-5 BJB

1 ကြည့်ရှုလော့။ ထာဝရဘုရားသည်မကယ်မတင်နိုင်အောင် လက်တော်တိုသည်မဟုတ်။ မကြားနိုင်အောင် နားတော်ထိုင်းသည်မဟုတ်။

2 သင်တို့ ဒုစရိုက်သည် သင်တို့ကို ဘုရားသခင်နှင့် ကွာစေပြီ။ ကြားတော်မမူစေခြင်းငှါ၊ သင်တို့အပြစ်သည် မျက်နှာတော်ကို လွှဲစေပြီ။

3 သင်တို့လက်သည် အသွေးနှင့်၎င်း၊ လက်ချောင်းတို့သည် ဒုစရိုက်နှင့်၎င်း ညစ်ညူးကြ၏။ သင်တို့သည် နှုတ်ခမ်းနှင့် လျှာအားဖြင့် မုသာစကား၊ အဓမ္မစကားကို ပြောတတ်ကြ၏။

4 တရားကို အဘယ်သူမျှမရှာ၊ သစ္စာကို အဘယ် သူမျှမစောင့်၊ အနတ္တကို ကိုးစား၍ မုသာစကားကို ပြောတတ်ကြ၏။ မကောင်းသောအကြံကို ပဋိသန္ဓေယူ၍၊ အဓမ္မအမှုကို ဘွားကြ၏။

5 သူတို့သည် မြွေဆိုး၏ အဥတို့ကို ဝပ်၍ ပေါက်စေကြ၏။ ပင့်ကူအမြှေးကိုလည်း ရက်ကြ၏။ သူတို့ ဥများကို စားသော သူသည် သေတတ်၏။ အဥကို ခွဲလျှင် မြွေဆိုးပေါက်တတ်၏။