ဟေ​ရှာ​ယ 60:1-4 BJB

1 သင်ထလော့။ လင်းလော့။ သင်၏အလင်း ရောက်လာပြီ။ ထာဝရဘုရား၏ဘုန်းတော်သည် သင်၏ အပေါ်မှာ ပေါ်ထွန်းလျက်ရှိ၏။

2 ကြည့်ရှုလော့။ မှောင်မိုက်သည် မြေကြီးကို ဖုံးလွှမ်းလိမ့်မည်။ ထူထပ်သော မှောင်မိုက်သည် လူများကို ဖုံးလွှမ်းလိမ့်မည်။ သို့သော်လည်း၊ သင်၏အပေါ်မှာ ထာဝရဘုရားသည် ပေါ်ထွန်းတော်မူ၍၊ ဘုန်းတော်သည် သင်၏အပေါ်မှာ ထင်ရှားလျက်ရှိလိမ့်မည်။

3 တပါးအမျိုးသားတို့သည် သင်၏အလင်းသို့၎င်း၊ ရှင်ဘုရင်တို့သည် သင်၌ ပေါ်ထွန်းခြင်းအရောင်သို့၎င်း လာကြလိမ့်မည်။

4 အရပ်ရပ်သို့ မျှော်ကြည့်လော့။ ခပ်သိမ်းသော သူတို့သည် စုဝေး၍ သင့်ထံသို့ လာကြ၏။ သင်၏ သား သမီးတို့သည် အဝေးကလာ၍၊ သင်၏အနားမှာ မွေးစားခြင်းကို ခံကြလိမ့်မည်။