ဟေ​ရှာ​ယ 60:19-22 BJB

19 နောက်တဖန် နေ့အချိန်၌ သင်၏အလင်းသည် နေပေးသောအလင်းမဟုတ်၊ ညဉ့်အချိန်၌လည်း၊ လ အရောင်သည် သင့်ကို မလင်းစေရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင်၌ ထာဝရအလင်း၊ သင်၏ဘုရား သခင်သည် သင်၏ဘုန်းအသရေဖြစ်တော်မူလိမ့်မည်။

20 နောက်တဖန် သင်၏နေသည်မဝင်ရ။ သင်၏ လသည်လည်း မဆုတ်ရ။ ထာဝရဘုရားသည် သင်၌ ထာဝရအလင်းဖြစ်တော်မူ၍၊ စိတ်မသာညည်းတွားရာ ကာလကုန်လေပြီ။

21 သင်၏လူအပေါင်းတို့သည် ဖြောင့်မတ်၍၊ ပြည်တော်ကို အစဉ်အမြဲအမွေခံသဖြင့်၊ ငါ၏ဘုန်းပွင့်စေခြင်း ငှါ၊ ငါ့ကိုယ်တိုင်စိုက်၍ ပြုစုသော ပျိုးပင်ဖြစ်ရကြလိမ့် မည်။

22 သူငယ်တယောက်သည် လူတထောင်ဖြစ်ရလိမ့်မည်။ အားနည်းသော သူတယောက်သည် အားကြီးသော လူမျိုးဖြစ်ရလိမ့်မည်။ ငါထာဝရဘုရားသည် အချိန် ရောက်လျှင် ထိုအမှုကို နှိုးဆော်မည်။