ဟေ​ရှာ​ယ 62:9-12 BJB

9 စပါးကို ရိတ်သောသူတို့သည် ကိုယ်တိုင်စား၍၊ ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည်။ စပျစ်သီးကို သိမ်းသော သူတို့သည် ငါ၏ သန့်ရှင်းရာဌာနတန်တိုင်းအတွင်း၌ စပျစ်ရည်ကို သောက်ကြလိမ့်မည်ဟု တန်ခိုးကြီးသော လက်ျာလက်ရုံးတော်ကို တိုင်တည်၍ ကျိန်ဆိုတော်မူပြီ။

10 မြို့တံခါးမှ ထွက်ကြ။ ထွက်ကြ။ လူများဘို့လမ်းကို ပြင်ကြ။ မြေဖို့ကြ။ ဖို့ကြ။ ကျောက်များကို ပယ်ရှင်းကြ။ လူများဘို့အလံကို ထူကြ။

11 မြေကြီးစွန်းတိုင်အောင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင့်ကို ကယ်တင်သောသူသည် လာ၏။ မိမိခံထိုက်သောအခသည် မိမိ၌ပါလျက်၊ ဆုလပ်တော်သည် ရှေ့တော်၌ရှိ၏ဟု ဇိအုန်သတို့သမီးကို ပြောကြလော့။

12 သူတို့သည် သန့်ရှင်းသောသူ၊ ထာဝရဘုရား ရွေးနှုတ်တော်မူသော သူဟူ၍၎င်း၊ သင်သည် သူတပါး မစွန့်ပစ်၊ စည်ပင်သော မြို့ဟူ၍၎င်း သမုတ်ခြင်းကို ခံရလိမ့်မည်။