ဟေ​ရှာ​ယ 63:4-10 BJB

4 အပြစ်ပေးသော နေ့ရက်ကို ငါအောက်မေ့ပြီ။ ငါရွေးနှုတ်သော သူတို့၏ နှစ်သည် ရောက်လာပြီ။

5 ငါကြည့်ရှု၍ မစသောသူမရှိ။ မှိုင်တွေသော် လည်း ထောက်ပင့်သောသူမရှိ။ ထိုကြောင့်၊ ကိုယ်လက်သည် ကိုယ်အဘို့ ကယ်တင်ခြင်းကို ပြုပြီ။ ကိုယ်ဒေါသ အမျက်သည် ကိုယ်ကို ထောက်ပင့်ပြီ။

6 လူများကို အမျက်ထွက်၍ ကျော်နင်းပြီ။ ပြင်းစွာ အမျက်ထွက်၍ ကျပ်ကျပ်နှိပ်နင်းပြီ။ သူတို့အသွေးကို မြေပေါ်မှာ သွန်ပြီ။

7 ကရုဏာနှင့် မဟာမေတ္တာတော်အတိုင်း ထာဝရဘုရားသည် ငါတို့အား သနားတော်မူသောအရာအလုံး စုံကို၎င်း၊ ဣသရေလအမျိုးသားတို့၌ ပြုတော်မူသော မဟာကျေးဇူးတော်ကို၎င်း ထောက်၍၊ ထာဝရဘုရား၏ မဟာမေတ္တာတော်နှင့်၊ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ငါချီးမွမ်းမည်။

8 အကယ်စင်စစ် သူတို့သည် ငါ၏လူဖြစ်ကြ၏။ သစ္စာမပျက်သော သားလည်း ဖြစ်ကြ၏ဟု မိန့်တော်မူသဖြင့်၊ သူတို့ကို ကယ်နှုတ်တော်မူ၏။

9 အမှုရောက်လေရာရာ၌ သူတို့ကို ညှဉ်းဆဲတော်မမူ။ ရှေ့တော်မှ စေလွှတ်သော ကောင်းကင်တမန်သည် ကယ်တင်လျက်၊ မေတ္တာကရုဏာတော်ရှိသည်အတိုင်းရွေးနှုတ်တော်မူ၏။ ရှေးကာလပတ်လုံး သူတို့ကို ချီဆောင်တော်မူ၏။

10 သူတို့သည်လည်း ပုန်ကန်၍၊ သန့်ရှင်းသော ဝိညာဉ်တော်ကို နာစေကြ၏။ ထိုကြောင့်၊ သူတို့ကို ရန်ဘက်ပြု၍ စစ်တိုက်တော်မူ၏။