ဟေ​ရှာ​ယ 64:1-4 BJB

1 ကိုယ်တော်သည် မိုဃ်းကောင်းကင်ကို ဖွင့်လှစ်၍၊ ဆင်းသက်တော်မူပါစေသော။ ရှေ့တော်၌ တောင်တို့သည် လှုပ်ကြပါစေသော။

2 မီးသည်အမှိုက်ကို လောင်သကဲ့သို့၎င်း၊ ရေကိုဆူစေသကဲ့သို့၎င်း ဖြစ်ပါစေသော။ သို့ဖြစ်လျှင်၊ ကိုယ်တော် ၏ ရန်သူတို့သည် နာမတော်ကို သိ၍၊ ရှေ့တော်၌ လူအမျိုးမျိုးတို့သည် တုန်လှုပ်ကြပါလိမ့်မည်။

3 အကျွန်ုပ်တို့ မြော်လင့်သည်ထက်၊ အံ့ဘွယ်သော အမှုတို့ကို ပြုတော်မူသောအခါ၊ ဆင်းသက်တော်မူ၍ တောင်တို့သည် ရှေ့တော်၌ လှုပ်ကြပါ၏။

4 ကိုယ်တော်ကို မြော်လင့်သောသူတို့အဘို့အလိုငှါ ကျေးဇူးပြုတော်မူသောဘုရား၊ ကိုယ်တော်မှတပါး အခြားသော ဘုရားသခင်ကို ကမ္ဘာဦးမှစ၍ အဘယ်သူမျှ မကြားမသိပါ။ နားဖြင့်မကြား၊ မျက်စိဖြင့်မမြင်စဖူးပါ။