ဟေ​ရှာ​ယ 7:6-12 BJB

6 ငါတို့သည် တိုက်ယူ၍ ပြည်အလယ်မှာ တဗာလ၏သားကို မင်းအရာ၌ ခန့်ထားကြကုန်အံ့ဟု သင့်ဘက်၌ မကောင်းသောအကြံကို ကြံကြသော်လည်း၊

7 ဘုရားရှင် ထာဝရဘုရားက၊ ထိုအကြံမတည်ရ။ ထိုသို့မဖြစ်ရ။

8 ရှုရိပြည်၏ခေါင်းကား၊ ဒမာသက်မြို့။

9 ဒမာသက်မြို့၏ ခေါင်းကား၊ ဧဖရိမ်ပြည်၏ ခေါင်းကား၊ ရှမာရိမြို့။ ရှာမာရိမြို့၏ခေါင်းကား၊ ရေမလိ သားဖြစ်ရ၏။ သို့သော်လည်း၊ခြောက်ဆယ်ငါးနှစ်အတွင်းတွင်၊ ဧဖရိမ်ပြည်ကို ပြည်မဖြစ်စေခြင်းငှါ၊ ချိုးဖဲ့လိမ့်မည်။ သင်တို့သည် မယုံလျှင်၊ မတည်ရကြဟု မိန့်တော်မူ၏။

10 တဖန်ထာဝရဘုရားက၊ သင်၏ဘုရားသခင် ထာဝရဘုရားထံမှာနိမိတ်လက္ခဏာကိုတောင်းပန်လော့။

11 နက်သောအရပ်၌ဖြစ်စေ၊ မြင့်သောအထက်အရပ်၌ဖြစ်စေ၊ တောင်းပန်လော့ဟု အာခတ်မင်းကို မိန့်တော်မူလျှင်၊

12 အာခတ်မင်းက၊ ကျွန်ုပ်မတောင်းပန်းပါ။ ထာဝရဘုရားကို မစုံစမ်းပါဟု ပြန်ပြော၏။