ဟ​ဗက္ကုတ် 1:1-7 BJB

1 ပရောဖက်ဟဗက္ကုတ်ခံရသော ဗျာဒိတ်တော်အချက်ဟူမူကား၊

2 အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြားတော်မမူဘဲ၊ အဘယ်မျှကာလပတ်လုံး အကျွန်ုပ်အော်ဟစ်ရပါ မည်နည်း။ ကယ်တင်တော်မမူဘဲ အကျွန်ုပ်သည် အဓမ္မအမှုကို ခံ၍၊ ရှေ့တော်၌ အဘယ်မျှကာလပတ်လုံး အော် ဟစ်ရပါမည်နည်း။

3 မတရားသောအမှုကို အကျွန်ုပ်အား အဘယ်ကြောင့်ပြတော်မူသနည်း။ အဓမ္မအမှုကို အဘယ်ကြောင့် မြင်စေတော်မူသနည်း။ လုယူခြင်း၊ အနိုင်အထက်ပြုခြင်း အမှုသည် အကျွန်ုပ်ရှေ့မှာ အဘယ်ကြောင့် ရှိရပါသနည်း။ ငြင်းခုံခြင်း၊ ရန်တွေ့ခြင်းကိုလည်း အဘယ်ကြောင့် လူချင်းပြုရပါသနည်း။

4 သို့ဖြစ်၍ တရားလျော့ပါ၏။ တရားသဖြင့် စီရင်ဆုံးဖြတ်ခြင်းမရှိပါ။ မတရားသောသူတို့သည် ဖြောင့်မတ်သော သူတို့ကို ဝိုင်းသောကြောင့်၊ မတရားသဖြင့် စီရင် ဆုံးဖြတ်ကြပါ၏။

5 သစ္စာပျက်သောသူတို့၊ ကြည့်ရှုဆင်ခြင်၍ အလွန်မှိုင်တွေကြလော့။ အကြောင်းမူကား၊ သင်တို့အား သူတပါး ပြညွှန်သော်လည်း သင်တို့ မယုံသောအမှုကို သင်တို့လက်ထက်ကာလ၌ ငါပြု၏။

6 ပြင်းထန်လျင်မြန်သော ခါလဒဲအမျိုးကို ငါနှိုးဆော်၏။ ကိုယ်မပိုင်သော နေရာအရပ်တို့ကို သိမ်းယူခြင်းငှါ မြေတပြင်လုံး၌ ချီသွားကြလိမ့်မည်။

7 အလွန်ကြောက်မက်ဘွယ်သော သူဖြစ်၍ ကိုယ်အလိုအလျောက်တရားစီရင်ဆုံးဖြတ်ကြ၏။