12 အမျက်တော်ထွက်လျက် တပြည်လုံး ချီသွား၍၊ ဒေါသစိတ်နှင့် လူအမျိုးမျိုးတို့ကို နင်းနယ်တော်မူ၏။
13 ကိုယ်တော်၏လူတို့ကို ကယ်တင်ခြင်း၊ ကိုယ်တော်ပေးတော်မူ၍ ဘိသိက်ခံသောသူတို့ကို ကယ်တင်ခြင်းအလိုငှါ ထွက်ကြွတော်မူ၏။ အဓမ္မလူ၏အိမ်၌ ဦးခေါင်းကို နှိပ်စက်၍၊ မူလအမြစ်ကို လည်ပင်းတိုင်အောင် ပယ်ရှင်းတော်မူ၏။
14 ဗိုလ်မင်းတို့၏ ဦးခေါင်းကို မြှားတော်တို့နှင့် ထုတ်ချင်းခပ်ထိုးတော်မူ၏။ ထိုသူတို့သည် အကျွန်ုပ်တို့ကို လွင့်စေခြင်းငှါ လေပြင်းမုန်တိုင်းကဲ့သို့ တိုက်ကြပါ၏။ ဆင်းရဲသားတို့ကို အမှတ်တမဲ့ ကိုက်စားမည့်အကြံရှိသကဲ့ သို့ ဝမ်းမြောက်ကြပါ၏။
15 ကိုယ်တော်သည် မြင်းတော်များကို စီး၍၊ ရေဟုန်းဟုန်းမြည်သော ပင်လယ်အလယ်သို့ ချီသွားတော်မူ၏။
16 ဗျာဒိတ်တော်သံကို ငါကြားသောအခါ ရင်၌ လှုပ်ရှားခြင်း၊ မေးခိုင်ခြင်း၊ အရိုးဆွေးမြေ့ခြင်း၊ တကိုယ် လုံးတုန်လှုပ်ခြင်းရှိ၏။ အကြောင်းမူကား၊ အမှုရောက်သောနေ့၊ လုပ်ကြံသောသူသည် ငါ၏လူမျိုးကို တိုက်လာသော နေ့တိုင်အောင် ငါသည် နေရစ်ရမည်။
17 သင်္ဘောသဖန်းပင် မပွင့်ရ၊ စပျစ်ပင်မသီးရ၊ သံလွင်ပင်၏ကျေးဇူးကို မြော်လင့်၍မခံရ၊ လယ်တို့သည် အသီးအနှံကို မပေးရ၊ သိုးခြံ၌ သိုးကုန်၍ တင်းကုပ်၌ နွားမရှိရ။
18 သို့သော်လည်း၊ ထာဝရဘုရား၌ ငါဝမ်းမြောက်၍၊ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို အမှီပြု လျက် ရွှင်လန်းမည်။