3 ဘုရားသခင်သည် တေမန်မြို့မှ၎င်း၊ သန့်ရှင်းသော ဘုရားသည် ပါရန်တောင်မှ၎င်း ကြွတော်မူ၏။ ဘုန်းတော်သည် မိုဃ်းကောင်းကင်ကို ဖုံးအုပ်လျက်၊ မြေကြီးသည် ဂုဏ်အသရေတော်နှင့် ပြည့်စုံလျက်ရှိ၏။
4 အဆင်းအရောင်တော်သည် နေရောင်ကဲ့သို့ ဖြစ်၏။ လက်တော်မှ ရောင်ခြည်သည် ထွက်၍၊ ဘုန်းအာနုဘော်တော်ကို ကွယ်ကာလေ၏။
5 ရှေ့တော်၌ ကာလနာဘေးသည် သွား၍၊ ပူလောင်ခြင်းဘေးသည် ခြေတော်ကို ခြံရံလျက်ရှိ၏။
6 ရပ်၍ မြေကြီးကို တိုင်းတော်မူ၏။ ကြည့်ရှု၍ လူမျိုးတို့ကို တုန်လှုပ်စေတော်မူ၏။ အစဉ်အမြဲတည်သော တောင်တို့သည် ကျိုးပဲ့၍၊ ထာဝရကုန်းရိုးတို့သည် ညွတ်ကြ၏။ ထာဝရလမ်းတို့ကို ကြွတော်မူ၏။
7 ကုရှန်ပြည်၌ တဲတို့သည် ဆင်းရဲခံခြင်း၊ မိဒျန်ပြည်၌ ကုလားကာတို့သည် လှုပ်ရှားခြင်းကို ငါမြင်၏။
8 အို ထာဝရဘုရား၊ ကိုယ်တော်သည် ကယ်တင်ရာမြင်းရထားတော်ကို စီးတော်မူမည်အကြောင်း၊ မြစ်တို့ကို အမျက်ထွက်တော်မူသလော။ မြစ်များတဘက်၌ စိတ်ထတော်မူသလော။ ပင်လယ်ကို ရန်ငြိုးဖွဲ့တော်မူသလော။
9 ကိုယ်တော်သည် အမျိုးအနွယ်တော်တို့၌ ထားတော်မူသော သစ္စာဂတိရှိသည်အတိုင်း၊ လေးလက်နက် တော်ကို ထုတ်ပြတော်မူ၏။ မြေကြီး၌ မြစ်တို့ကို ပေါက်စေတော်မူ၏။