ဧ​သ​တာ 5:3-9 BJB

3 ရှင်ဘုရင်ကလည်း၊ မိဖုရားဧသတာ၊ သင်သည် အဘယ်အလိုရှိသနည်း။ အဘယ်ဆုကို တောင်းချင် သနည်း။ တောင်းသမျှကို နိုင်ငံတော် တဝက်တိုင်အောင် ငါပေးမည်ဟု မိန့်တော်မူလျှင်၊

4 ဧသတာက၊ အရှင်မင်းကြီး အလိုတော်ရှိလျှင်၊ အရှင်မင်းကြီးအဘို့ ကျွန်တော်မပြင်ဆင်သောပွဲသို့ ဟာမန်နှင့်တကွ ယနေ့ကြွတော်မူပါဟု လျှောက်သော်၊

5 ရှင်ဘုရင်က၊ ဧသတာ လျှောက်သည်အတိုင်း ပြုအံ့သောငှါ၊ ဟာမန်သည် အလျင်အမြန်လာစေဟု မိန့်တော်မူသဖြင့်၊ ဧသတာပြင်ဆင်သောပွဲသို့ ဟာမန်နှင့် တကွ ရှင်ဘုရင်ကြွတော်မူ၏။

6 တဖန်စပျစ်ရည်သောက်ပွဲခံစဉ်၊ ရှင်ဘုရင်က၊ သင်သည် အဘယ်သို့ အလိုရှိသနည်း။ အလိုရှိသည် အတိုင်း ငါပေးမည်။ အဘယ်ဆိုကို တောင်းချင်သနည်း။ တောင်းသမျှကိုနိုင်ငံတော်တဝက်တိုင်အောင် ငါပေးမည် ဟု ဧသတာအားမိန့်တော်မူလျှင်၊

7 ဧသတာက၊ ကျွန်တော်မအလိုရှိ၍ ကျွန်တော်မ တောင်းချင်သော ဆုဟူမူကား၊

8 ကျွန်တော်မကို အရှင်မင်းကြီး၏စိတ်နှင့် တွေ့ တော်မူလျှင်၎င်း၊ ကျွန်တော်မအလိုရှိ၍ ကျွန်တော် မတောင်းချင်သောဆုကို ပေးသနားခြင်းငှါ အရှင်မင်းကြီး အလိုတော်ရှိလျှင်၎င်း၊ ကျွန်တော်မပြင်ဆင်သော ပွဲသို့ အရှင်မင်းကြီးသည် ဟာမန်နှင့်တကွ တဖန်ကြွတော်မူပါ။ အမိန့်တော်ရှိသည်အတိုင်း နက်ဖြန်နေ့၌ ကျွန်တော်မပြု ပါမည်ဟု ပြန်လျှောက်လေ၏။

9 ထိုနေ့၌ ဟာမန်သည် ဝမ်းမြောက်ရွှင်လန်း သော စိတ်နှင့် ထွက်သွားသော်လည်း၊ နန်းတော်တံခါးဝ မှာ မော်ဒကဲသည် ရိုသေစွာမထ၊ အလျှင်းမလှုပ်ဘဲနေ သည်ကို မြင်သောအခါ၊ မော်ဒကဲကို အလွန်အမျက် ထွက်လေ၏။