ဧ​သ​တာ 7:7-10 BJB

7 ထိုအခါ ရှင်ဘုရင်သည် အမျက်ထွက်သဖြင့်၊ စပျစ်ရည် သောက်ပွဲမှထ၍ ဥယျာဉ်တော်သို့ သွားတော် မူ၏။ အပြစ်ပေးတော်မူမည်ဟု ဟာမန်သည်ရိပ်မိ၍ အသက်ချမ်းသာရမည်အကြောင်း မိဖုရားဧသတာရှေ့ မှာ တောင်းပန်ခြင်းငှါထ၏။

8 ရှင်ဘုရင်သည် ဥယျာဉ်တော်မှ စပျစ်ရည် သောက်ပွဲခံရာအရပ် သို့ ဝင်ပြန်သောအခါ၊ ဧသတာထိုင် သော သာလွန်နားမှာ ဟာမန်သည် ပြပ်ဝပ်လျက်နေ သည်ကို မြင်လျှင်၊ ဤသူသည် နန်းတော်၌ ငါ့ရှေ့မှာ မိဖုရားကို အဓမ္မပြုရမည်လောဟု မိန့်တော်မူစဉ်တွင်၊ အခြံအရံတို့သည် ဟာမန်၏ မျက်နှာကိုဖုံးကြ၏။

9 မိန်းမစိုးဟာဗောနကလည်း၊ အရှင်မင်းကြီး၏ အကျိုးတော်ကို စောင့်၍ လျှောက်ထားသော မော်ဒကဲ အဘို့ ဟာမန်လုပ်၍ အတောင်ငါးဆယ်မြင့်သော လည်ဆွဲချတိုင်သည်၊ ဟာမန်အိမ်၌ စိုက်ထားလျက် ရှိပါ၏ဟု နားတော်လျှောက်သော်၊ ထိုတိုင်၌ လည်ဆွဲ ချစေဟု ရှင်ဘုရင်မိန့်တော်မူ၏။

10 ထိုသို့မော်ဒကဲအဘို့လုပ်သော လည်ဆွဲချတိုင်၌ ဟာမန်ကို ဆွဲချကြ၏။ ရှင်ဘုရင်လည်း စိတ်ပြေတော် မူ၏။