၁ ရာ 7:3-9 BJB

3 တဖန် ရှမွေလက၊ သင်တို့သည် အခြားတပါးသော ဘုရားတည်းဟူသော ဗာလဘုရား၊ အာရှတရက် ဘုရားတို့ကို ပယ်၍ ထာဝရဘုရားအဘို့ သင်တို့စိတ်နှလုံးကို ပြင်ဆင်လျက်၊ ထာဝရဘုရားထံတော်သို့ စိတ်နှလုံး အကြွင်းမဲ့ပြန်လာသဖြင့်၊ ထိုဘုရားကိုသာ ဝတ်ပြုကြလျှင်၊ ဖိလိတ္တိလူတို့လက်မှ ကယ်တင် တော်မူမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့အား ဆုံးမသည်အတိုင်း၊-

4 ဣသရေလအမျိုးသားတို့သည် ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကို ပယ်၍ ထာဝရဘုရားကိုသာ ဝတ်ပြုကြ၏။

5 ရှမွေလကလည်း ဣသရေလအမျိုးသားအပေါင်းတို့ကို မိဇပါမြို့၌ စုဝေးစေကြလော့။ သင်တို့အဘို့ ထာဝရဘုရားကို ငါဆုတောင်းမည်ဟု မှာခဲ့သည်အတိုင်း၊

6 သူတို့သည် မိဇပါမြို့၌ စည်းဝေးသဖြင့်၊ ရေကို ခပ်၍ ထာဝရဘုရားရှေ့တော်၌ သွန်းလောင်းခြင်း၊ အစာရှောင်ခြင်း အကျင့်တို့ကို ကျင့်လျက်၊ အကျွန်ုပ်တို့သည် ထာဝရဘုရားကို ပြစ်မှားပါပြီဟု ဝန်ခံ ကြ၏။ ရှမွေလသည် မိဇပါမြို့၌ ဣသရေလအမျိုးသားတရားမှုတို့ကို စစ်ကြောစီရင်လေ၏။

7 ဣသရေလအမျိုးသားတို့သည် မိဇပါမြို့၌ စည်းဝေးကြောင်းကို ဖိလိတ္တိလူတို့သည် ကြားလျှင်၊ ဖိလိတ္တိမင်းတို့သည် ဣသရေလအမျိုးရှိရာသို့ စစ်ချီကြ၏။ ထိုသိတင်းကို ဣသရေလလူတို့သည် ကြားလျှင်၊ ဖိလိတ္တိလူတို့ကို ကြောက်၍၊

8 ရှမွေလအား၊ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ဖိလိတ္တိလူတို့လက်မှ ကယ်တင်တော်မူမည်အကြောင်း အကျွန်ုပ်တို့အဘို့ အစဉ်မပြတ် ဆုတောင်းပါလော့ဟု ဆိုကြ၏။

9 ရှမွေလသည်လည်း နို့စို့သိုးသငယ်ကိုယူ၍ ထာဝရဘုရားအား တကောင်လုံး မီးရှို့ရာယဇ်ပူဇော်လျက်၊ ဣသရေလအမျိုးအဘို့ ဆုတောင်း၍ ထာဝရဘုရား နားထောင်တော်မူ၏။