2 အဗရှလုံသည် စောစောထ၍ တံခါးဝမှာ ရပ်နေတတ်၏။ အမှုရှိသောသူသည် စီရင်တော်မူခြင်းကို ခံအံ့သောငှါ၊ ရှင်ဘုရင်ထံတော်သို့ လာသောအခါ အဗရှလုံက၊ သင်သည်အဘယ်မြို့သားဖြစ်သနည်းဟု မေးလျှင်၊ ထိုသူက ကိုယ်တော်ကျွန်သည် ဤမည်သော ဣသရေလအမျိုးအနွယ်သားဖြစ်ပါ၏ဟု ပြန်လျှောက်သော်၊
3 အဗရှလုံက၊ သင့်အမှုသည် ဟုတ်မှန်လျောက် ပတ်ပေ၏။ သို့သော်လည်း သင့်အမှုကို ရှင်ဘုရင်မှစ၍ အဘယ်သူမျှ နားမထောင်ဟု ပြောဆိုတတ်၏။
4 တဖန်တုံ၊ ငါသည်ဤပြည်၌ တရားစီရင်သော မင်းဖြစ်ပါစေသော။ သို့ဖြစ်လျှင် တရားမှုရှိသော အမှုသည် အပေါင်းတို့သည် ငါ့ထံသို့ လာ၍ ငါသည် တရားသဖြင့် စီရင်မည်ဟုဆိုတတ်၏။
5 လူတစုံတယောက်သည် ရိုသေစွာပြု၍ ချဉ်းကပ်သောအခါ၊ အဗရှလုံသည် လက်ကိုဆန့်၍ ထိုသူကို ကိုင်လျက် နမ်းလေ့ရှိ၏။
6 ထိုသို့စီရင်တော်မူခြင်းကို ခံအံ့သောငှါ၊ ရှင်ဘုရင်ထံတော်သို့လာသော ဣသရေလအမျိုးသား အပေါင်းတို့အား အဗရှလုံပြု၍ သူတို့စိတ်နှလုံးကို ခိုးလေ၏။
7 လေးနှစ်လွန်သောအခါ အဗရှလုံသည် ရှင်ဘုရင်ထံတော်သို့ ဝင်၍၊
8 ထာဝရဘုရားသည် အကျွန်ုပ်ကို တဖန်ယေရုရှလင်မြို့သို့ ဆောင်တော်မူလျှင်၊ ထာဝရဘုရားဝတ်ကို အကျွနုပ်ပြုပါမည်ဟု ကိုယ်တော်ကျွန်သည် ရှုရိပြည် ဂေရှုရမြို့၌နေသောအခါ သစ္စာဂတိပြုပါပြီ။ သို့ဖြစ်၍ ကျွန်တော်သည် ထာဝရဘုရားအား သစ္စာဂတိပြုသည်အတိုင်း၊ ဟေဗြုန်မြို့သို့သွား၍ သစ္စာဝတ်ကိုဖြေရမည် အကြောင်း အခွင့်ပေးတော်မူပါဟု လျှောက်လျှင်၊