22 ဒါဝိဒ်က၊ ချီသွားလော့ဟု အိတ္တဲအား မိန့်တော်မူသဖြင့်၊ ဂိတ္တိလူအိတ္တဲသည် မိမိ၌ပါသော လူကြီးလူငယ် အပေါင်းတို့နှင့်တကွ ချီသွားလေ၏။
23 ပြည်သူပြည်သားအပေါင်းတို့သည် ပြင်းစွာငိုကြွေးကြ၏။ နောက်တော်၌ လိုက်သောသူအပေါင်းတို့ သည် ချီးသွား၍၊ ရှင်ဘုရင်သည် ကိုယ်တော်တိုင် ကေဒြုန်ချောင်းကိုကူးလျှင်၊ လူအပေါင်းတို့သည် ကူ၍တောလမ်း သို့ လိုက်သွားကြ၏။
24 ဇာဒုတ်နှင့် လေဝိလူအပေါင်းတို့သည်လည်း ဘုရားသခင်၏ ပဋိညာဉ်သေတ္တာတော်ကို ထမ်းလျက် ရောက်လာ၍ သေတ္တာတော်ကို ချထားကြ၏။ လူအပေါင်းတို့သည် မြို့ထဲကထွက်၍ မကုန်မှီတိုင်အောင် အဗျာသာသည် ယဇ်ပူဇော်လျက် နေ၏။
25 ရှင်ဘုရင်သည် ဇာဒုတ်ကိုခေါ်၍၊ ဘုရားသခင်၏ သေတ္တာတော်ကို မြို့ထဲသို့ ပြန်ပို့လော့။ ထာဝရ ဘုရားသည် ငါ့ကို စိတ်တော်နှင့်တွေ့လျှင် ငါ့ကိုပို့ပြန်၍ သေတ္တာတော်ကို၎င်း၊ ကျိန်းဝပ်တော်မူရာ အရပ်ကို၎င်း ပြတော်မူမည်။
26 သို့မဟုတ် သင့်ကိုငါအလိုမရှိဟု ငါ့အားမိန့်တော်မူလျှင် ငါရှိပါ၏။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူစေသတည်းဟူ၍၎င်း၊
27 ယဇ်ပုရောဟိတ် ဇာဒုတ်အားလည်း သင်သည် ပရောဖက်ဖြစ်သည်မဟုတ်လော။ သင်၏သား အဟိမတ် နှင့် အဗျာသာ၏သား ယောနသန်၊ ထိုသားနှစ်ယောက်ကို ခေါ်၍ မြို့သို့ငြိမ်ဝပ်စွာ ပြန်သွားလော့။
28 သင်တို့ကြားလျှောက်စေသော စကားမရောက်မှီ ငါသည်တော လွင်ပြင်၌ ဆိုင်းလင့်၍နေမည်ဟု မိန့်တော် မူသည်အတိုင်း၊