၂ ရာ 18:1-4 BJB

1 ဒါဝိဒ်သည် မိမိ၌ပါသော လူတို့ကိုရေတွက်၍ တထောင်အုပ်၊ တရာအုပ်တို့ကို ခန့်ထား၏။

2 လူသုံးစုတစုကို ယွာဘ၌၎င်း၊ တစုကို ဇေရုယာ သား ယွာဘညီ အဘိရှဲ၌၎င်း၊ တစုကိုဂိတ္တိလူ အိတ္တဲ၌၎င်း အပ်၍၊ ငါ့ကိုယ်တိုင်ချီသွားမည်ဟု လူများတို့အား မိန့်တော် မူ၏။

3 လူများတို့ကလည်း၊ ကိုယ်တိုင်ကြွတော်မမူပါနှင့်။ ကျွန်တော်တို့ပြေးသော်လည်း သူတို့သည်အမှုမထား ကြပါ။ ကျွန်တော်တို့ တဝက်သေသော်လည်း သူတို့သည်အမှုမထားကြပါ။ ကိုယ်တော်မူကား၊ ကျွန်တော်တို့ တသောင်းထက် မြတ်တော်မူ၏။ သို့ဖြစ်၍ ကျွန်တော် တို့ကို မြို့ထဲက မစတော်မူလျှင်သာ၍ ကောင်းပါလိမ့်မည် ဟု လျှောက်ကြ၏။

4 ရှင်ဘုရင်ကလည်း၊ ငါသည်သင်တို့အလိုသို့ လိုက်မည်ဟု မိန့်တော်မူ၍ တံခါးဝနားမှာ ရပ်တော်မူ လျှင်၊ လူအပေါင်းတို့သည် တရာတပ်၊ တထောင်တပ်အား ဖြင့် ချီသွားကြ၏။