11 ယွာဘက၊ သင်သည် မြင်ခဲ့သည်မှန်လျှင် အဘယ်ကြောင့် သူ့ကို ထိုး၍ မြေကြီးပေါ်သို့ မချခဲ့ သနည်း။ ထိုသို့ပြုလျှင် ငွေကျပ်တဆယ်နှင့်ခါးစည်းကို ငါပေးပြီဟု ပြောဆိုသော်၊
12 ထိုသူက ကျွန်တော်သည် ကိုယ်လက်၌ ငွေ အခွက်တဆယ်ကို ပင်ခံရသော်လည်း ရှင်ဘုရင်၏သားကို မပြုနိုင်ပါ။ အကြောင်းမူကား၊ ကျွန်တော်တို့ကြားသည့် အတိုင်း ရှင်ဘုရင်က၊ ငါ့မျက်နှာကိုထောက်၍ ငါ့သား အဗရှလုံကို စောင့်မကြလော့ဟု ကိုယ်တော်နှင့်အဘိရှဲ၊ အိတ္တဲတို့ကို မှာထားတော်မူပြီ။
13 ကျွန်တော်ပြုမိလျှင် ကိုယ်ကိုလှည့်စား၍ ကိုယ် အသက်ရှုံးပါပြီ။ ရှင်ဘုရင်မသိသော အမှုတစုံတခုမျှမရှိ။ ကိုယ်တော်သည်လည်း ကျွန်တော်တဘက်၌ နေပါလိမ့် မည်ဟု ပြောဆိုသော်၊
14 ယွာဘက၊ သင်နှင့်အတူ ငါမနေအားဟု ဆိုလျက်လှံယဉ်သုံးစင်း ကိုကိုင်ယူ၍ သပိတ်ပင်အလယ်၌ အသက်ရှင်လျက်ရှိသော အဗရှလုံ၏ နှလုံးကို ထုတ်ချင်း ခပ်ထိုးလေ၏။
15 လက်နက်ဆောင်လုလင် တကျိပ်တို့သည်လည်း ဝိုင်း၍ အဗရှလုံကို အသေသတ်ကြ၏။
16 ယွာဘသည်လည်း တံပိုးမှုတ်၍ လူတို့ကို ဆီး တားသဖြင့် ဣသရေလလူတို့ကို လိုက်ရာမှပြန်လာကြ၏။
17 အဗရှလုံကိုလည်း ယူ၍ တော၌နက်သော မြေတွင်းထဲသို့ ချပြီးမှ ကျောက်ပုံကြီးကို ပုံထားကြ၏။ ဣသရေလလူအပေါင်းတို့သည် အသီးအသီး မိမိတို့ အိမ်သို့ပြေးကြ၏။