1 ရှင်ဘုရင်သည် အဗရှလုံကြောင့် ငိုကြွေးမြည် တမ်းတော်မူသည်ဟု ယွာဘအား ကြားပြောလေ၏။
2 ထိုနေ့၌အောင်ပွဲသည် လူအပေါင်းတို့တွင် ဝမ်းနည်းစရာအကြောင်းဖြစ်ပြန်၏။ ရှင်ဘုရင်သည် သားတော်ကြောင့် စိတ်ကြင်နာတော်မူသည်ကို လူအပေါင်းတို့သည် ထိုနေ့၌ ကြား၍၊
3 စစ်တိုက်ရာမှပြေးသော သူတို့သည် ရှက်၍ တိတ်ဆိတ်စွာ ပြေးတတ်သကဲ့သို့ မြို့ထဲသို့ တိတ်ဆိတ်စွာ ပြေးဝင်ကြ၏။
4 ရှင်ဘုရင်သည်လည်း မျက်နှာကိုဖုံး၍၊ အိုငါ့သား အဗရှလုံ၊ အိုအဗ ရှလုံ၊ ငါ့သား၊ ငါ့သားဟု ကြီးသောအသံ နှင့် ငိုကြွေးတော်မူ၏။
5 ယွာဘသည် ရှင်ဘုရင်ထံ အိမ်ထဲသို့ဝင်၍၊ ကိုယ်တော်၏ အသက်မှစ၍ သားတော် သမီးတော်၊ မိဖုရားမောင်းမမိဿံတို့၏ အသက်ကို ကယ်တင်သော ကိုယ်တော်ကျွန်တို့ကို ယနေ့အရှက်ကွဲစေတော်မူပြီ။