၂ ရာ 23:1-4 BJB

1 ဒါဝိဒ်မြွက်ဆိုသော နောက်ဆုံးစကားတည်းဟူသော၊ ယာကုပ်အမျိုး၏ဘုရားသခင့်အခွင့်နှင့် ဘိသိက် ခံရ၍ ဘုန်းကြီးသောသူ၊ ဣသရေလအမျိုး၌ချိုမြိန်စွာ သီချင်းဆိုသော ယေရှဲ၏သား ဒါဝိဒ်မြွက်ဆိုသော ပရော ဖက်စကားဟူမူကား၊

2 ထာဝရဘုရား၏ ဝိညာဉ်တော်သည်ငါ့အားဖြင့် မိန့်တော်မူ၏။ နှုတ်ကပတ်တော်သည် ငါ့လျှာ၌ တည်၏။

3 ဣသရေလအမျိုး၏ ဘုရားသခင်၊ ဣသရေလ အမျိုး၏ကျောက်သည် ငါ့အားဖြင့် မိန့်မြွက်တော်မူသည် ကား၊ လူတို့ကို အုပ်စိုးသော သူသည်တရားသဖြင့် စီရင်၍ ဘုရားသခင်ကို ကြောက်ရွံ့လျက် အုပ်စိုးရမည်။

4 မိုဃ်းမအုံ့၊ နေထွက်သော နံနက်အလင်းကဲ့သို့၎င်း၊ မိုဃ်းရွာပြီးမှ နေပေါ်ထွန်းသဖြင့် မြေ၌ပေါက်သော မြက်နုကဲ့သို့၎င်း ဖြစ်ရလိမ့်မည်။