၂ ရာ 3:14-20 BJB

14 ဒါဝိဒ်သည်လည်း သံတမန်တို့ကို ရှောလုသား ဣရှဗောရှက်ထံသို့စေလွှတ်၍၊ ငါသည် ဖိလိတ္တိလူ အရေဖျားတရာနှင့် ဝယ်ယူသော ငါ့မယားမိခါလကို အပ်လိုက်ရမည်ဟု မှာလိုက်သည်အတိုင်း၊

15 ဣရှဗောရှက်သည် စေလွှတ်၍ ထိုမိန်းမကို သူ၏လင်လဲရှ၏ သားဖာလတိလက်မှ နှုတ်ယူလေ၏။

16 သူ၏လင်သည် ငိုကြွေးလျက် သူ့နောက်သို့ ဗာဟုရိမ်မြို့တိုင်အောင်လိုက်လေ၏။ အာဗနာကလည်း ပြန်သွားတော့ဟုဆိုသော် ပြန်သွားရ၏။

17 အာဗနာသည်လည်း၊ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့် တိုင်ပင်လျက်၊ သင်တို့သည် အထက်က ဒါဝိဒ်ကိုရှင်ဘုရင်အရာ၌ ချီးမြှောက်ချင်သော စိတ်ရှိကြသည်ဖြစ်၍၊

18 ယခုချီးမြှောက်ကြလော့။ ထာဝရဘုရားက၊ ငါ့ကျွန်ဒါဝိဒ်လက်ဖြင့် ငါ၏လူ ဣသရေလအမျိုးကို ဖိလိတ္တိ လူတို့လက်မှ၎င်း၊ ရန်သူအပေါင်းတို့လက်မှ၎င်း၊ ငါကယ် နှုတ်မည်ဟု ဒါဝိဒ်အဘို့ မိန့်တော်မူပြီဟု ဆိုလေ၏။

19 တဖန်အာဗနာသည် ဗင်္ယာမိန်အမျိုးသားတို့ကို လည်း သွေးဆောင်လေ၏၊ နောက်တဖန် ဣသရေလ အမျိုး အလိုရှိသမျှအရာ၊ ဗင်္ယာမိန်အမျိုး တညီညွတ် တည်း အလိုရှိသမျှသောအရာတို့ကို ဟေဗြုန်မြို့၌ ဒါဝိဒ် အား ပြန်လျှောက်ခြင်းငှါ သွား၍၊

20 လူနှစ်ကျိပ်ပါလျက် ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့သို့ ရောက်သဖြင့်၊ ဒါဝိဒ်သည် ပွဲလုပ်၍ အာဗနာနှင့် သူ၏ လူတို့ကိုကျွေး၏။