၂ ရာ 7:16-22 BJB

16 သင်၏အမျိုးအနွယ်နှင့်၊ သင်၏နိုင်ငံသည် ငါ့ရှေ့မှာ အစဉ်အမြဲတည်လိမ့်မည်။ သင်၏ရာဇပလ္လင် သည်လည်း အစဉ်အမြဲတည်လိမ့်မည်ဟု ငါ့ကျွန်ဒါဝိဒ်အား ပြောလော့ဟု မိန့်တော်မူ၏။

17 ထိုဗျာဒိတ်တော်စကားအလုံးစုံတို့ကို နာသန် သည် ဒါဝိဒ်အား ပြန်ပြောလေ၏။

18 ထိုအခါဒါဝိဒ်မင်းကြီးသည် အထဲသို့ဝင်၍ ထာဝရဘုရားရှေ့တော်၌ ထိုင်နေလျက်၊ အိုအရှင် ထာဝရဘုရား၊ အကျွန်ုပ်ကို ဤမျှလောက်ချီးမြှောက်တော် မူမည်အကြောင်း၊ အကျွန်ုပ်သည် အဘယ်သို့သော သူဖြစ်ပါသနည်း။ အကျွန်ုပ်အမျိုးသည် အဘယ်သို့သော အမျိုး ဖြစ်ပါသနည်း။

19 သို့ရာတွင် အိုအရှင်ထာဝရဘုရား၊ ထိုကျေးဇူးတော်ကို သာမညကျေးဇူးဟု ထင်မှတ်တော်မူသော ကြောင့်၊ ကိုယ်တော်ကျွန်၏ အမျိုးအနွယ်ကို ကြာမြင့်စွာသောကာလနှင့် ယှဉ်လျက်မိန့်တော်မူပါသည်တကား။ အိုအရှင်ထာဝရဘုရား၊ လူတို့သည် ထိုသို့စီရင်လေ့ရှိပါ သလော။

20 ဒါဝိဒ်သည် အဘယ်သို့တိုးတက်၍ လျှောက်ရပါမည်နည်း။ အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော်၏ ကျွန်ကို သိတော်မူ၏။

21 နှုတ်ကပတ်တော်ကို ထောက်၍၊ အလိုတော်ရှိသည်အတိုင်း ကိုယ်တော်၏ ကျွန်သိရမည်အကြောင်း၊ ဤကြီးစွာသော အမှုအလုံးစုံတို့ ကိုပြုတော်မူပြီ။

22 သို့ဖြစ်၍ အိုထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်သည် ကြီးမြတ်တော်မူ၏။ အကျွန်ုပ်တို့ ကြားသမျှအတိုင်း ကိုယ်တော်နှင့်တူသောဘုရား၊ ကိုယ်တော်မှတပါး အခြားသော ဘုရားမည်မျှမရှိပါ။