၂ ရာ 9:5-11 BJB

5 ထိုအခါ ဒါဝိဒ်သည် စေလွှတ်၍ ရှောလု၏သားဖြစ်သော ယောနသန်၏သား မေဖိဗောရှက်ကို၊ လောဒေဗာရွာ၊ အမျေလသားမာခိရ အိမ်မှခေါ်ခဲ့၍၊

6 သူသည် အထံတော်သို့ ရောက်သောအခါ ပြပ်ဝပ်လျက် ရှိခိုးလေ၏။ ဒါဝိဒ်ကလည်း၊ မေဖိဗောရှက်ဟုခေါ်လျှင်၊ ကိုယ်တော်ကျွန်ရှိပါသည်ဟုလျှောက်လေ၏။

7 ဒါဝိဒ်ကလည်း မစိုးရိမ်နှင့်။ သင်၏အဘ ယောနသန်အတွက် ငါသည်သင်၌ ဆက်ဆက်ကျေးဇူးပြုမည်။ သင့်အဘို့ရှောလုပိုင်သမျှသော မြေကို ငါပြန်ပေးမည်။ သင်သည် နေ့တိုင်းအစဉ်ငါ့စားပွဲ၌ စားရမည်ဟုဆိုသော်၊

8 မေဖိဗောရှက်က၊ ကျွန်တော်ကဲ့သို့ဖြစ်ရသော ခွေးသေကောင်ကို ကိုယ်တော်ကြည့်ရှုရမည်အကြောင်း၊ ကိုယ်တော်ကျွန်သည် အဘယ်သို့သောသူဖြစ်ပါသနည်း ဟု ဦးချ၍ပြန်လျှောက်၏။

9 ထိုအခါရှင်ဘုရင်သည် ရှောလု၏ကျွန်ဇိဘကို ခေါ်၍၊ ရှောလုနှင့် သူ၏အဆွေအမျိုးများ ပိုင်ထိုက်သမျှ တို့ကို သင့်သခင်၏သားအား ငါပေးပြီ။

10 သင်သည်သင်၏သားကျွန်တို့နှင့်တကွ လယ်လုပ်၍ သင့်သခင်၏သားစားစရာဘို့ အသီးအနှံကို သွင်းရမည်။ သို့ရာတွင် သင့်သခင်၏သား မေဖိဗောရှက်သည် နေ့တိုင်းအစဉ် ငါ့စားပွဲ၌ အစာစားရမည်ဟု မိန့်တော်မူ၏။ ဇိဘ၌ သားတဆယ်ငါးယောက်နှင့် ကျွန်နှစ်ဆယ်ရှိ၏။

11 ဇိဘကလည်း၊ ကျွန်တော်သခင်အရှင်မင်းကြီးသည် ကိုယ်တော်ကျွန်ကို မှာထားတော်မူသမျှအတိုင်း၊ ကိုယ်တော်ကျွန်ပြုပါမည်ဟု နားတော်လျှောက်၏။ ထိုနောက်၊ မေဖိဗောရှက်သည် ရှင်ဘုရင်၏သားရင်းကဲ့သို့ စားပွဲတော်၌ အစာစားရ၏။