၃ ရာ 1:38-44 BJB

38 ထိုအခါ ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက် နာသန်၊ ယောယံဒသားဗေနာယ၊ ခေရသိလူ၊ ပေလသိလူတို့သည် ထွက်၍ ရှောလမုန်ကို ဒါဝိဒ်မင်းကြီး၏ မြင်းလားပေါ်မှာစီးစေလျက် ဂိဟုန်မြို့သို့ ဆောင်သွားကြ၏။

39 ယဇ်ပုရောဟိတ်ဇာဒုတ်သည် တဲတော်ထဲက ဆီဘူးကိုယူ၍ ရှောလမုန်ကိုဘိသိက်ပေးပြီးမှ၊ သူတို့သည် တံပိုးမှုတ်၍၊ ရှောလမုန်မင်းကြီးသည် အသက်တော်ရှင်စေသတည်းဟု လူအပေါင်းတို့သည် ဟစ်ကြော်ကြ၏။

40 လူအပေါင်းတို့သည် တီးမှုတ်လျက် နောက်တော်သို့လိုက်၍၊ မြေကြီးကွဲမတတ်ရှိသည်တိုင်အောင် အလွန်ဝမ်းမြောက်သောအသံကို ပြုကြ၏။

41 အဒေါနိယနှင့် သူ၏အပေါင်းအဘော်တို့သည် စားသောက်ပွဲပြီးသောအခါ ထိုအသံကို ကြားကြ၏။ တံပိုးမှုတ်သံကိုယွာဘကြားလျှင်၊ တမြို့လုံးအုတ်အုတ် ကျက်ကျက်ပြုသံကား၊ အဘယ်သို့နည်းဟု မေးစဉ်ပင်၊

42 ယဇ်ပုရောဟိတ် အဗျာသာ၏သား ယောနသန်သည်လာလျှင်၊ အဒေါနိယကဝင်ပါ။ သင်သည် လူကောင်းဖြစ်၍၊ ကောင်းသောသိတင်းကို ကြားပြော လိမ့်မည်ဟု ဆိုလျှင်၊

43 ယောနသန်က၊ အကယ်စင်စစ် ငါတို့အရှင် ဒါဝိဒ်မင်းကြီးသည် ရှောလမုန်ကို ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီ။

44 ရှင်ဘုရင်သည်လည်း ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒသားဗေနာယ၊ ခေရသိလူ၊ ပေလသိလူတို့ကို ရှောလမုန် နှင့်အတူ စေလွှတ်တော်မူ၍ မြင်းလားတော်ပေါ်မှာ စီးစေကြပါပြီ။