၃ ရာ 10:10-16-17 BJB

10 ရွှေအခွက်တရာနှစ်ဆယ်၊ နံ့သာမျိုးအများ၊ ကျောက်မြတ်တို့ကို ဆက်လေ၏။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအား ဆက်သောနံ့သာမျိုးအများ၊ ကျောက်မြတ်တို့ကို ဆက်လေ၏။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအား ဆက်သောနံ့သာမျိုးနှင့်အမျှ များပြားသော နံ့သာမျိုးသည် နောက်တဖန်မရောက်။

11 ဩဖိရမြို့မှ ရွှေကိုဆောင်ခဲ့သော ဟိရံသင်္ဘောတို့သည် အာလဂုံသစ်သားများ၊ ကျောက်မြတ်များကိုလည်း ဆောင်ခဲ့ကြ၏။

12 ထိုအာလဂုံသစ်သားဖြင့် ရှင်ဘုရင်သည် ဗိမာန်တော်ပွတ်လုံးတန်းနှင့် နန်းတော်ပွတ်လုံးတန်းကို၎င်း၊ သီချင်းဆိုသော သူတို့စောင်းနှင့် တယောတို့ကို၎င်း လုပ်လေ၏။ ထိုသို့သော အာလဂုံသစ်သားသည်နောက် တဖန်မရောက်၊ ယနေ့တိုင်အောင် မပေါ်လာ။

13 ရှောလမုန်မင်းကြီးသည် အလိုလိုပေးသော လက်ဆောင်မှတပါး၊ ရှေဘမိဖုရား၏ အလိုဆန္ဒပြည့်စုံစေခြင်းငှါ၊ သူတောင်းသမျှကိုလည်း ပေးတော်မူ၏။ ထိုနောက်မှ မိဖုရားသည် မိမိကျွန်တို့နှင့်တကွ မိမိပြည်သို့ ပြန်သွားလေ၏။

14 ရှောလမုန်ထံသို့ တနှစ်တနှစ်လျှင် ရောက်သော ရွှေအချိန်ကား အခွက်ခြောက်ရာခြောက်ဆယ်ခြောက် ပိဿာဖြစ်သတည်း။

15 ထိုမှတပါးကုန်သည်များ၊ လှည်းသမားများ၊ အာရပ်မင်းကြီးရှိသမျှ၊ မြို့ဝန်များဆက်သော ရွှေရှိသေး၏။

16-17 ရှောလမုန်မင်းကြီးသည် ရွှေခြောက်ပိဿာစီဖြင့် ဒိုင်းကြီးနှစ်ရာ၊ သုံးပိဿာစီဖြင့် ဒိုင်းငယ်သုံးရာတို့ကို ထုတ်လုပ်၍ လေဗနုန်တောသစ်သားနှင့် တည်ဆောက်သော နန်းတော်၌ ထားတော်မူ၏။