8 ရှေ့တော်၌ အစဉ်နေ၍ ပညာတော်ကိုကြားရသော ကိုယ်တော်၏လူ၊ ကိုယ်တော်၏ကျွန်တို့သည် မင်္ဂလာရှိကြပါ၏။
9 ကိုယ်တော်ကို နှစ်သက်၍၊ ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ တင်တော်မူသော ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ထာဝရဘုရားသည် ဣသရေလအမျိုးကို အစဉ်ချစ်သောကြောင့်၊ ဖြောင့်မတ်စွာတရားစီရင်စေခြင်းငှါ ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူ ပြီဟု ရှင်ဘုရင်အား ပြောဆို၍၊
10 ရွှေအခွက်တရာနှစ်ဆယ်၊ နံ့သာမျိုးအများ၊ ကျောက်မြတ်တို့ကို ဆက်လေ၏။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအား ဆက်သောနံ့သာမျိုးအများ၊ ကျောက်မြတ်တို့ကို ဆက်လေ၏။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအား ဆက်သောနံ့သာမျိုးနှင့်အမျှ များပြားသော နံ့သာမျိုးသည် နောက်တဖန်မရောက်။
11 ဩဖိရမြို့မှ ရွှေကိုဆောင်ခဲ့သော ဟိရံသင်္ဘောတို့သည် အာလဂုံသစ်သားများ၊ ကျောက်မြတ်များကိုလည်း ဆောင်ခဲ့ကြ၏။
12 ထိုအာလဂုံသစ်သားဖြင့် ရှင်ဘုရင်သည် ဗိမာန်တော်ပွတ်လုံးတန်းနှင့် နန်းတော်ပွတ်လုံးတန်းကို၎င်း၊ သီချင်းဆိုသော သူတို့စောင်းနှင့် တယောတို့ကို၎င်း လုပ်လေ၏။ ထိုသို့သော အာလဂုံသစ်သားသည်နောက် တဖန်မရောက်၊ ယနေ့တိုင်အောင် မပေါ်လာ။
13 ရှောလမုန်မင်းကြီးသည် အလိုလိုပေးသော လက်ဆောင်မှတပါး၊ ရှေဘမိဖုရား၏ အလိုဆန္ဒပြည့်စုံစေခြင်းငှါ၊ သူတောင်းသမျှကိုလည်း ပေးတော်မူ၏။ ထိုနောက်မှ မိဖုရားသည် မိမိကျွန်တို့နှင့်တကွ မိမိပြည်သို့ ပြန်သွားလေ၏။
14 ရှောလမုန်ထံသို့ တနှစ်တနှစ်လျှင် ရောက်သော ရွှေအချိန်ကား အခွက်ခြောက်ရာခြောက်ဆယ်ခြောက် ပိဿာဖြစ်သတည်း။