၃ ရာ 12:17-23 BJB

17 သို့ရာတွင် ယုဒမြို့ရွာတို့၌နေသော ဣသရေလလူတို့ကို ရောဗောင်သည် အုပ်စိုးရသေး၏။

18 ထိုအခါ ရောဗောင်မင်းကြီးသည် အခွန်တော်ဝန် အဒေါနိရံကို စေလွှတ်၍ ဣသရေလလူအပေါင်းတို့သည် သူ့ကိုသေအောင် ကျောက်ခဲနှင့် ပစ်ကြ၏။

19 ရောဗောင်မင်းကြီးသည် ရထားတော်ကို အလျင်အမြန်တက်၍ ယေရုရှလင်မြို့သို့ပြေးလေ၏။ ထိုသို့ ဣသရေလအမျိုးသည် ယနေ့တိုင်အောင် ဒါဝိဒ် မင်းမျိုးကို ပုန်ကန်ကြ၏။

20 ယေရောဗောင်ပြန်လာကြောင်းကို ဣသရေလ အမျိုးသားအပေါင်းတို့သည် ကြားသောအခါ၊ လူကို စေလွှတ်၍၊ ယေရောဗောင်ကို စည်းဝေးရာ ပရိသတ်ထံသို့ ခေါ်ပြီးလျှင်၊ ဣသရေလအမျိုးကို အုပ်စိုးသော ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ယုဒအမျိုးမှတပါး အဘယ်အမျိုးမျှ ဒါဝိဒ်မင်းမျိုးသို့ မဆည်းကပ်။

21 ရောဗောင်သည် ယေရုရှလင်မြို့သို့ ရောက်သောအခါ၊ ဣသရေလအမျိုးကို စစ်တိုက်၍ နိုင်ငံတော်ကို ရှောလမုန်သား ရောဗောင်လက်သို့ရောက်ပြန်စေခြင်းငှါ၊ ဗင်္ယာမိန်အမျိုးနှင့်တကွ ယုဒအမျိုးသားအပေါင်းတို့နှင့် ရွေးချယ်သော စစ်သူရဲတသိန်းရှစ်သောင်းတို့ကို စုဝေးစေ၏။

22 သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဘုရားသခင်၏လူရှေမာယသို့ ရောက်၍၊

23 သင်သည် ရှောလမုန်သား၊ ယုဒရှင်ဘုရင် ရောဗောင်နှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးသားများ၊ ကျန်ကြွင်းသော သူများတို့အား ထာဝရဘုရား၏ အမိန့် တော်ကို ဆင့်ဆိုရမည်မှာ၊