၃ ရာ 14:1-4 BJB

1 ထိုအခါ ယေရောဗောင်၏သား အဘိယသည် နာသောကြောင့်၊

2 ယေရောဗောင်သည် မိမိမယားကိုခေါ်၍၊ သင်သည် ယေရောဗောင်၏ မယားဖြစ်သည်ကို အဘယ်သူမျှ မသိစေခြင်းငှါ ခြားနားသော အဆင်းအရောင်ကို ဆောင်ပြီးလျှင်၊ ရှိလောမြို့သို့ ထသွားပါလော့။ ငါသည် ဤလူမျိုးကို စိုးစံရမည်အကြောင်းကိုပြသော ပရောဖက် အဟိယသည် ထိုမြို့၌ရှိ၏။

3 မုန့်ဆယ်လုံး၊ မုန့်ပြားအချို့၊ ပျားရည်ဘူးကို ဆောင်လျက် ပရောဖက်ထံသို့ သွားပါလော့။ သူငယ်၌ အဘယ်သို့ဖြစ်မည်ကို သူဟောလိမ့်မည်ဟု မှာထားသည် အတိုင်း၊

4 ယေရောဗောင်မယားသည်ထ၍ ရှိလောမြို့၌ အဟိယအိမ်သို့ သွားလေ၏။ ထိုအခါ အဟိယသည် အသက်ကြီးသောကြောင့် မျက်စိမမြင်၊ မှုန်လျက်ရှိ၏။