၃ ရာ 15:1-2-7 BJB

1-2 နေဗတ်၏သားယေရောဗောင်မင်းကြီး နန်းစံတဆယ်ရှစ်နှစ်တွင်၊ အဘိယသည် ယေရုရှလင်မြို့၌မင်းပြု၍၊ ယုဒပြည်ကိုသုံးနှစ်စိုးစံ၏။ မယ်တော်ကား၊ အဘရှလုံ၏ သမီးမာခါအမည်ရှိ၏။

3 ခမည်းတော်ပြုသော ဒုစရိုက်ကိုပြုမြဲပြု၍၊ ဘေးတော်ဒါဝိဒ်ကဲ့သို့ မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ စိတ်နှလုံးစုံလင်သည်မဟုတ်။

4 သို့သော်လည်း ဒါဝိဒ်၏မျက်နှာကိုထောက်၍၊ သူ၏ဘုရားသခင် ထာဝရဘုရားသည် ဆွေတော်မျိုးတော်ကို ချီးမြှောက်၍၊ ယေရုရှလင်မြို့ကို တည်စေသဖြင့်၊ ထိုမြို့၌ ဒါဝိဒ်၏မီးခွက်ကို ထွန်းလင်းစေတော်မူ၏။

5 အကြောင်းမူကား၊ ဒါဝိဒ်သည် ဟိတ္တိအမျိုးဥရိယအမှုကိုထားလျှင်၊ တသက်လုံးထာဝရဘုရားမှာ ထားတော်မူသော အမှုတစုံတခုကိုမျှ မရှောင်၊ ရှေ့တော်၌ တရားသဖြင့် ကျင့်သောအကြောင်းတည်း။

6 ရောဗောင်သားအဘိယနှင့် ယေရောဗောင်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ၏။

7 အဘိယပြုမူသောအမှုအရာ ကြွင်းသမျှတို့သည် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ၏။