၃ ရာ 18:1-7 BJB

1 ကာလအင်တန်ကြာ၍ သုံးနှစ်စေ့သောအခါ၊ ဧလိယသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ် တော်က၊ သင်သည် အာဟပ်မင်းအားသွား၍ ကိုယ်ကို ပြလော့။ ငါသည်လည်း မြေပေါ်မှာ မိုဃ်းရွာစေမည်ဟု မိန့်တော်မူသည်အတိုင်း၊

2 ဧလိယသည် အာဟပ်မင်းအား ကိုယ်ကိုပြအံ့ သောငှါသွား၏။ ထိုအခါ ရှမာရိမြို့၌ပြင်းစွာသော အစာအာဟာရခေါင်းပါးခြင်းဘေးရှိ၍၊

3 အာဟပ်မင်းသည် နန်းတော်အုပ်ဩဗဒိကိုခေါ်၏။ ထိုဩဗဒိသည် ထာဝရဘုရားကို အလွန် ရိုသေသောသူ ဖြစ်၏။

4 ယေဇဗေလသည် ထာဝရဘုရား၏ပရောဖက်တို့ကိုပယ်ဖြတ်သောအခါ၊ ဩဗဒိသည် ပရောဖက်တရာကို မြေတွင်းထဲမှာ ငါးဆယ်စီဝှက်ထားပြီးလျှင်၊ မုန့်နှင့်ရေကိုပေး၍ ကျွေးလေ၏။

5 အာဟပ်ကလည်း၊ တပြည်လုံးသို့လှည့်လည်၍ စမ်းရေတွင်းများ၊ ချောင်းများရှိရာအရပ်ရပ်သို့ သွားလော့။ တိရစ္ဆာန်အပေါင်းတို့သည် မသေ၊ မြင်းနှင့်လားတို့သည် အသက်လွတ်မည်အကြောင်း၊ မြက်ပင်ကို တွေ့ကောင်းတွေ့လိမ့်မည်ဟု ဩဗဒိအားဆိုလျက်၊

6 သူတို့သည် တပြည်လုံးကို နှံ့ပြားအောင် ဝေဖန်၍၊ အာဟပ်နှင့် ဩဗဒိသည် လမ်းတခြားစီ ထွက်သွားကြ၏။

7 ဩဗဒိသည်သွားစဉ်အခါ၊ ဧလိယသည် ဆီး၍ကြို၏။ ဩဗဒိသည် ဧလိယကိုသိ၍ ပြပ်ဝပ်လျက်၊ ကိုယ်တော်သည် အကျွန်ုပ်သခင် ဧလိယမှန်ပါသလောဟု မေးလျှင်၊