၃ ရာ 20:39-43 BJB

39 ရှင်ဘုရင်သည် ရှောက်သွားသောအခါ ထိုသူက၊ ကိုယ်တော်ကျွန်သည် စစ်တိုက်သွားပါ၏။ လူတယောက်သည် စစ်ပွဲထဲက ထွက်လာ၍ ကျွန်တော်၌ လူတယောက်ကို အပ်သဖြင့် ဤလူကိုစောင့်လော့။ တစုံတခုအားဖြင့် ပျောက်လျှင်သူ့အသက်အတွက် သင့်အသက်သေရမည်။ သို့မဟုတ်ငွေအခွက်တဆယ် လျော်ရမည်ဟု မှာထားသော်လည်း၊

40 ကိုယ်တော်ကျွန်သည် အရပ်ရပ်၌ အမှုများသောအခါ၊ ထိုသူ ပျောက်ပါသည်ဟု လျှောက်လျှင်၊ ဣသရေလရှင်ဘုရင်က၊ သင့်အမှုကို ထိုသို့ပင် စီရင်ရမည်။ သင့်ကိုယ်တိုင်လည်း စီရင်ပြီးဖြစ်သည်ဟု မိန့်တော် မူ၏။

41 ထိုပရောဖက်သည်မျက်နှာဖုံးပုဝါကို ချက်ခြင်းပယ်သဖြင့်၊ ပရောဖက်တစုံတပါးဖြစ်ကြောင်းကို ဣသရေလရှင်ဘုရင်သိ၏။

42 ပရောဖက်ကလည်း၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါကျိန်သောသူကို သင်လွှတ်သောကြောင့်၊ သင့်အသက်သည် သူ့အသက်အတွက်၊ သင့်လူတို့သည် သူ့လူတို့အတွက် အရှုံးခံရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။

43 ဣသရေလရှင်ဘုရင်သည် ညစ်ညူးသော စိတ်နှင့်ညှိုးငယ်လျက် ရှမာရိမြို့၊ နန်းတော်သို့သွား၏။