၃ ရာ 22:1-5 BJB

1 ရှုရိပြည်နှင့် ဣသရေလပြည်သည် စစ်မတိုက်ဘဲ သုံးနှစ်နေပြီးမှ၊

2 တတိယနှစ်တွင်၊ ယုဒရှင်ဘုရင်ယောရှဖတ်သည် ဣသရေလရှင်ဘုရင်ထံသို့ လာ၏။

3 ဣသရေလရှင်ဘုရင်ကလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သည် ငါတို့ နိုင်ငံအဝင်ဖြစ်သည်ကို သင်တို့ မသိလော။ ငါတို့သည် ရှုရိရှင်ဘုရင်လက်မှ မနှုတ်မယူဘဲ ငြိမ်သက်စွာ နေကြပြီတကားဟု မိမိကျွန်တို့အားဆို၏။

4 ယောရှဖတ်မင်းအားလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့ ငါနှင့်အတူ စစ်ချီမည်လောဟုမေးလျှင်၊ ယောရှဖတ်က၊ ငါသည်မင်းကြီးကဲ့သို့ဖြစ်၏။ ငါ့လူတို့သည် မင်းကြီး၏လူကဲ့သို့၎င်း၊ ငါ့မြင်းတို့သည် မင်းကြီး၏မြင်းကဲ့ သို့၎င်းဖြစ်ကြသည်ဟု ဣသရေလရှင်ဘုရင်အား ပြန် ပြော၏။

5 တဖန်ယောရှဖတ်က၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ယနေ့မေးမြန်းပါလော့ဟု ဣသရေလ ရှင်ဘုရင်အားဆိုသော်၊