23 သို့ဖြစ်၍ ထာဝရဘုရားသည် မုသာစကားကို ပြောတတ်သော စိတ်ဝိညာဉ်ကို မင်းကြီး၏ ပရောဖက်အပေါင်းတို့၌ သွင်းတော်မူပြီ။ မင်းကြီး၏အမှုမှာ အမင်္ဂလာစကားကို ပြောတော်မူပြီဟု ဟောလေ၏။
24 ထိုအခါခေနာနာ၏သားဇေဒကိသည် ချဉ်းလာ၍ မိက္ခာ၏ပါးကိုပုတ်လျက်၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သင်နှင့်နှုတ်ဆက်ခြင်းငှါ အဘယ်လမ်းဖြင့် ငါမှထွက်တော်မူသနည်းဟု မေးလျှင်၊
25 မိက္ခာက၊ သင်သည်ပုန်းရှောင်၍ နေခြင်းငှါ အတွင်းခန်းထဲသို့ ဝင်သောနေ့၌ သင်မြင်လိမ့်မည်ဟု ဆို၏။
26 ဣသရေလရှင်ဘုရင်က၊ မိက္ခာကို မြို့ဝန်မင်း အာမုန်ထံ၊ သားတော်ယောရှထံသို့ ယူသွား၍၊
27 ဤသူကိုထောင်ထဲမှာ လှောင်ထားကြ။ ငါသည် ငြိမ်ဝပ်စွာပြန်၍ မလာမှီတိုင်အောင် ဆင်းရဲစွာ စားသောက်စေဟု အမိန့်တော်ရှိကြောင်းကို ဆင့်ဆိုလော့ဟု စီရင်၏။
28 မိက္ခာကလည်း၊ မင်းကြီးသည် ငြိမ်ဝပ်စွာပြန်လာရလျှင် ထာဝရဘုရားသည်ငါ့အားဖြင့် မိန့်တော်မမူ၊ အိုလူများအပေါင်းတို့၊ နားထောင်ကြလော့ဟုဆို၏။
29 ထိုသို့ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင်ယောရှဖတ်တို့သည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီကြ၏။