၃ ရာ 3:9-15 BJB

9 သို့ဖြစ်၍ ကိုယ်တော်ကျွန်သည် ကိုယ်တော်၏လူတို့ကို တရားစီရင်နိုင်မည်အကြောင်း ကောင်းမကောင်းကို ပိုင်းခြား၍ သိတတ်သောဥာဏ်ကို ပေးသနားတော်မူပါ။ ဤမျှလောက်များစွာသော ကိုယ်တော်၏ လူတို့ကို အဘယ်သူသည် ကိုယ်အလိုအလျောက် တရားစီရင်နိုင်ပါမည်နည်းဟု တောင်းလျှောက်၏။

10 ထိုသို့ရှောလမုန်တောင်းလျှောက်သော ပဌနာစကားကို ထာဝရဘုရားသည် နှစ်သက်တော်မူ၏။

11 ဘုရားသခင်ကလည်း၊ သင်သည်တာရှည်သော အသက်ကိုမတောင်း၊ စည်းစိမ်ကိုလည်းမတောင်း၊ ရန်သူတို့၏အသက်ကိုလည်း မတောင်း၊ တရားစီရင်ခြင်းငှါ တတ်နိုင်သောဥာဏ်ကိုသာ ကိုယ်အဘို့တောင်းလျှောက် သောကြောင့်၊

12 သင်တောင်းလျှောက်သည်အတိုင်း ငါပေး၏။

13 ထိုမှတပါးသင်နှင့်တူသော ရှင်ဘုရင်တယောက်ကိုမျှ သင့်လက်ထက်၌ မရှိစေခြင်းငှါ၊ သင်မတောင်းသောဆု၊ စည်းစိမ်ဥစ္စာ၊ ဂုဏ်အသရေကို ငါပေး၏။

14 သင့်အဘဒါဝိဒ်ကျင့်သည်အတိုင်း ငါ့လမ်းသို့လိုက်၍ ငါစီရင်ချက်ပညတ်တရားတို့ကို စောင့်ရှောက်လျှင်၊ တာရှည်သော အသက်ကိုလည်း ငါပေးမည်ဟု မိန့်တော်မူ၏။

15 ရှောလမုန်သည် နိုး၍အိပ်မက်ဖြစ်မှန်းကိုသိ၏။ တဖန်ယေရုရှလင်မြို့သို့သွား၍ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့မှာ ရပ်လျက်၊ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်၍ ကျွန်အပေါင်းတို့အဘို့ ပွဲကို စီရင်တော်မူ၏။