15 နဿလိခရိုင်ကိုစီရင်သောသူ၊ ရှောလမုန်၏သမီးတော် ဗာသမတ်နှင့်စုံဘက်သောအဟိမတ်၊
16 အာရှာခရိုင်နှင့် အာလုပ်မြို့မှာ ဟုရှဲ၏သားဗာနာ၊
17 ဣသခါခရိုင်မှာပါရွာ၏သားယောရှဖတ်၊
18 ဗင်္ယာမိန်ခရိုင်မှာ ဧလာ၏သားရှိမိ၊
19 အာမောရိရှင်ဘုရင်ရှိဟုန်၏နိုင်ငံ၊ ဗာရှန်ရှင်ဘုရင်ဩဃ၏နိုင်ငံ၊ ဂိလဒ်ပြည်မှာအခြားသောမင်းမရှိ။ တပါးတည်းစီရင်သောဥရိ၏သားဂေဗတည်း။
20 ထိုကာလ၌၊ ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှများပြား၍ စားသောက်ပျော်မွေ့လျက် နေကြ၏။
21 ရှောလမုန်သည်လည်း မြစ်ကြီးမှစ၍ ဖိလိတ္တိပြည်၊ အဲဂုတ္တုပြည်တိုင်အောင် တိုင်းနိုင်ငံလုံးကို အစိုးရသဖြင့်၊ အရပ်ရပ်သားတို့သည် လက်ဆောင်ပဏ္ဏာတို့ကို ဆက်၍၊ ရှောလမုန်လက်ထက်ကာလပတ်လုံး မင်းမှုကို ဆောင်ရွက်ရကြ၏။