၃ ရာ 4:5-11 BJB

5 နာသန်သားအာဇရိသည် ဝန်စာရေးအုပ်ဖြစ် ၏။ နာသန်သားဇာဗုဒ်သည် မင်းသားအရာနှင့် တိုင်ပင်မတ်ဖြစ်၏။

6 အဟိရှာသည် နန်းတော်အုပ်ဖြစ်၏။ အာဗဿားအဒေါနိရံသည် အခွန်တော်ဝန်ဖြစ်၏။

7 ရှောလမုန်သည် ဣသရေလနိုင်ငံအရပ်ရပ်၌ ခန့်ထားသော ဝန်စာရေးတကျိပ်နှစ်ယောက်တို့သည် တယောက်တလစီ ရှင်ဘုရင်နှင့် နန်းတော်သားတို့အဘို့ စားစရာကို ပြင်ဆင်ရကြ၏။

8 သူတို့အမည်ဟူမူကား၊ ဧဖရိမ်တောင်ရပ်မှာဟုရ၏သား၊

9 မာကတ်မြို့၊ ရှာလဗိမ်မြို့၊ ဗက်ရှေမက်မြို့၊ ဧလုမ္ဘေသနန်မြို့မှာဒေကာ၏သား၊

10 စောခေါမြို့၊ ဟေဖာပြည်လုံးနှင့်တကွ အရုဗုတ်မြို့မှာ ဟေသက်၏သား၊

11 ဒေါရပြည်လုံးကိုစီရင်သောသူ ရှောလမုန်၏သမီးတော်တာဖတ် နှင့်စုံဘက်သော အဘိနဒပ်၏သား၊