၃ ရာ 6:12-18 BJB

12 ယခုတည်ဆောက်သောအိမ်တော်အရာမှာ၊ သင်သည် ငါသွန်သင်သော လမ်းသို့ လိုက်လျက်၊ ငါစီရင် ချက်အတိုင်းစီရင်၍၊ ငါပညတ်သမျှတို့ကို စောင့်ရှောက် လျှင်၊ သင်၏အဘဒါဝိဒ်အား ငါဂတိထားသည်အတိုင်း သင်၌ငါပြုမည်။

13 ငါ၏လူဣသရလအမျိုးကို ငါမစွန့်။ သူတို့ အလယ်၌ နေမည်ဟု မိန့်တော်မူ၏။

14 ထိုသို့ရှောလမုန်သည် အိမ်တော်ကိုတည်၍ ပြီးလေ၏။

15 ကြမ်းမှသည်အမိုးတိုင်အောင်အတွင်းထရံကို အာရဇ်ပျဉ်ပြားနှင့် ဖုံးအုပ်၍၊ ကြမ်းကိုလည်း ဒုကြီးသောထင်းရူးပျဉ်ပြားဖြင့် ပြီးစေ၏။

16 အလွန်သန့်ရှင်းရာဌာန၊ ဗျာဒိတ်ဌာနတော်အဘို့ အလျားအနံအတောင်နှစ်ဆယ်စီကျယ်သော အိမ်တော်တပိုင်းကို အခန်းကာ၍ ကြမ်းနှင့်ထရံကို အာရဇ်ပျဉ်ပြားဖြင့် ပြီးစေ၏။

17 ထိုအခန်းရှေ့မှာတည်သော ဗိမာန်တော်အလျားသည် အတောင်လေးဆယ်ရှိ၏။

18 အိမ်တော်အတွင်း၌ အာရဇ်ပျဉ်ပြားတို့သည် ဘူးသီးအပြောက်၊ ပန်းပွင့်အပြောက်နှင့် ပြည့်စုံကြ၏။ ကျောက်မပေါ်စေခြင်းငှါ အာရဇ်သား နှင့်ဖုံးအုပ်လျက် သာရှိ၏။