၃ ရာ 6:20-26 BJB

20 ဗျာဒိတ်ဌာနတော်အခန်းသည် အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့် အတောင်နှစ်ဆယ်ရှိ၏။ ထိုအခန်းကို၎င်း၊ အာရဇ် သစ်သားနှင့်လုပ်သော ယဇ်ပလ္လင်ကို၎င်း၊ ရွှေစင်နှင့် မွမ်းမံလေ၏။

21 ထိုသို့အိမ်တော်အတွင်းကို ရွှေစင်နှင့်မွမ်းမံပြီးမှ၊ ဗျာဒိတ်ဌာနတော်ရှေ့မှာ ရွှေကြိုးဖြင့် အကွယ်အကာကိုဆွဲထား၍၊ ရွှေနှင့်မွမ်းမံလေ၏။

22 အိမ်တော်တအိမ်လုံးကို၎င်း၊ ဗျာဒိတ်ဌာနတော်နားမှာရှိသော ယဇ်ပလ္လင်ကို၎င်း၊ ရွှေနှင့် အကုန်အစင်မွမ်းမံလေ၏။

23 ဗျာဒိတ်ဌာနတော်ထဲမှာ အမြင့်ဆယ်တောင် ရှိသော ခေရုဗိမ်နှစ်ပါးကို သံလွင်သားနှင့်လုပ်လေ၏။

24 ခေရုဗိမ်အတောင်တို့သည် တဘက်တချက် အလျားငါးတောင်စီရှိ၍၊ အတောင်ဖျားတခုမှတခုတိုင်အောင် ဆယ်တောင်ရှိ၏။

25 အမြင့်ဆယ်တောင်ရှိသည်ဖြစ်၍၊ ခေရုဗိမ်နှစ်ပါးသည် အလုံးအရပ်ပမာဏတူ၏။

26 ထိုခေရုဗိမ်တို့ကို အတွင်းအိမ်တော်ထဲမှာ တင်ထားသဖြင့်၊ ခေရုဗိမ်အတောင်တို့သည် ဖြန့်လျက်၊