၃ ရာ 6:23-29 BJB

23 ဗျာဒိတ်ဌာနတော်ထဲမှာ အမြင့်ဆယ်တောင် ရှိသော ခေရုဗိမ်နှစ်ပါးကို သံလွင်သားနှင့်လုပ်လေ၏။

24 ခေရုဗိမ်အတောင်တို့သည် တဘက်တချက် အလျားငါးတောင်စီရှိ၍၊ အတောင်ဖျားတခုမှတခုတိုင်အောင် ဆယ်တောင်ရှိ၏။

25 အမြင့်ဆယ်တောင်ရှိသည်ဖြစ်၍၊ ခေရုဗိမ်နှစ်ပါးသည် အလုံးအရပ်ပမာဏတူ၏။

26 ထိုခေရုဗိမ်တို့ကို အတွင်းအိမ်တော်ထဲမှာ တင်ထားသဖြင့်၊ ခေရုဗိမ်အတောင်တို့သည် ဖြန့်လျက်၊

27 အတောင်ဖျားတဘက်တချက်၌ ထရံကိုမှီလျက်၊ အလယ်မှာ အတောင်ဖျားတခုနှင့် တခုထိလျက် ရှိကြ၏။

28 ခေရုဗိမ်တို့ကိုလည်း ရွှေနှင့်မွမ်းမံလေ၏။

29 အိမ်တော်ထရံအတွင်းဘက်နှင့် ပြင်ဘက်၌ ထုသော ခေရုဗိမ်အရုပ်နှင့်အပွင့်ပွင့်သော စွန်ပလွံပင် အရုပ်များရှိကြ၏။