၃ ရာ 6:3-9 BJB

3 အိမ်တော်ဦးသည်လည်း အိမ်တော်အနံနှင့် ညီ၍ အလျား အတောင်နှစ်ဆယ်၊ အနံဆယ်တောင်ရှိ၏။

4 အိမ်တော်လင်းစရာဘို့ ကျဉ်းသော ပြတင်းပေါက်တို့ကို လုပ်လေ၏။

5 အိမ်တော်ပြင်ထရံနှင့်ဗျာဒိတ်ဌာနတော်ပြင် ထရံပတ်လည်၌ အခန်းတို့ကိုလည်း လုပ်လေ၏။

6 အောက်အခန်းသည် အနံငါးတောင်၊ အလယ်အခန်း အနံခြောက်တောင်၊ အထက်အခန်း အနံခုနစ်တောင်ရှိ၏။ အကြောင်းမူကား၊ အခန်းတို့သည် အိမ်တော်ထရံကိုယ်ထဲသို့ မဝင်။ ထရံဆုတ်လျက် ဆုတ်လျက် တက်၏။

7 ထိုအိမ်တော်ကို တည်လုပ်သောအခါ၊ ထိုအရပ်သို့မဆောင်ခဲ့မှီ ဆစ်ပြီးသော ကျောက်တို့ဖြင့်သာ တည်လုပ်သောကြောင့်၊ သံတူ၊ ပုဆိန်၊ သံတန်ဆာနှင့် လုပ်သော အသံမမြည်ရ။

8 အောက်အခန်းထဲသို့ဝင်သော တံခါးဝသည် အိမ်တော်လက်ျာဘက်မှာရှိ၏။ လိမ်သော လှေကားဖြင့် အလယ်အခန်းသို့၎င်း၊ အလယ်အခန်းမှ အထက်အခန်း သို့၎င်း၊ တက်ရ၏။

9 အိမ်တော်ကို တည်ပြီးမှ ထုပ်များတိုင်များကို အာရဇ်ပျဉ်ပြားနှင့် ဖုံးအုပ်လေ၏။