၃ ရာ 7:24-30 BJB

24 ရေကန်အနားပတ်အောက်ပတ်လည်၌ အတောင်တတောင်လျှင် ဘူးသီးဆယ်လုံးစီစေ့အောင် ဘူးသီးနှစ်ပတ်ကို ရေကန်နှင့် တစပ်တည်း သွန်းလေ၏။

25 ထိုရေကန်သည် နွားတဆယ်နှစ်ခုအပေါ်မှာ တည်လျက်ရှိ၏။ နွားတို့သည် အတွင်းသို့နောက်ခိုင်း၍ အရှေ့အနောက်တောင်မြောက်အရပ်လေးမျက်နှာသို့ တမျက်နှာလျှင် သုံးခုစီ မျက်နှာပြုကြ၏။

26 ရေကန်သည် ဒုလက်တဝါးရှိ၏။ အပေါ်အနားပတ်လည်ဖလား အနားပတ်ကဲ့သို့ ကြာပွင့်အပြောက်နှင့် ပြည့်စုံ၏။ ရေဗတ်နှစ်ထောင်ဝင်၏။

27 တဖန်အလျားလေးတောင်၊ အနံလေးတောင် အမြင့်သုံးတောင်ပမာဏရှိသော ကြေးဝါခုံတဆယ်ကို လုပ်လေ၏။

28 ထိုခုံပုံသဏ္ဌာန်ဟူမူကား၊ ခုံပတ်လည်၌ အနားရစ်အဆင့်ဆင့်ရှိ၍ အနားရစ်ကြားမှာ၊

29 ခြင်္သေ့၊ နွား၊ ခေရုဗိမ်အပြောက်ရှိ၏။ အနားရစ် အပေါ်မှာ ခုံတခုတင်လျက် ရှိ၏။ ခြင်္သေ့နှင့်နွားအောက် ၌လည်း အပြောက်မျိုးရှိ၏။

30 ခုံတခု၌ကြေးဝါလှည်းဘီးလေးခုစီ၊ ကြေးဝါဝင်ရိုး နှင့်တကွရှိ၏။ အင်တုံတင်စရာဘို့ ခုံလေးထောင့်၌ပခုံးတို့ကို ခုံနှင့်တစပ်တည်း သွန်းလေ၏။