၄ ရာ 1:1-6 BJB

1 အာဟပ်မင်းသေသောနောက်၊ မောဘပြည်သည် ဣသရေလရှင်ဘုရင်ကို ပုန်ကန်လေ၏။

2 အာခဇိမင်းသည် ရှမာရိမြို့၌ အထက်အခန်းပြတင်းပေါက်မှ ကျ၍နာနေသောကြောင့်၊ ငါသည် ဤအနာမှာ ထမြောက်မည်လောဟု ဧကြုန်မြို့၏ဘုရားဗာလဇေဗုပ်သို့ သွား၍ မေးမြန်းကြဟု မှာထား၍ သံတမန်တို့ကို စေလွှတ်လေ၏။

3 ထာဝရဘုရား၏ ကောင်းကင်တမန်သည် တိရှဘိမြို့သား ဧလိယအားလည်း၊ ရှမာရိရှင်ဘုရင် စေလွှတ်သော သံတမန်တို့ကို ကြိုဆိုခြင်းငှါ ထသွားလော့။ ဣသရေလပြည်၌ ဘုရားသခင်မရှိသောကြောင့်၊ ဧကြုန်မြို့၏ဘုရား ဗာလဇေဗုပ်သို့သွား၍ မေးမြန်းရသလော။

4 ထိုကြောင့်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ယခုတက်သောသာလွန်ပေါ်က နောက်တဖန် မဆင်းရ၊ စင်စစ်သေရမည်ဟု သူတို့အားဆင့်ဆိုရမည် အကြောင်းမိန့်တော်မူသည်အတိုင်း၊ ဧလိယသွားလေ၏။

5 သံတမန်တို့သည် ပြန်လာသောအခါ ရှင်ဘုရင်က၊ အဘယ်ကြောင့်ယခုပြန်လာကြသနည်းဟု မေးလျှင်၊

6 သူတို့က၊ လူတယောက်သည် ကျွန်တော်တို့ကို ကြိုဆိုခြင်းငှါလာ၍ သင်တို့ကိုစေလွှတ်သော ရှင်ဘုရင် ထံသို့ ပြန်ကြ။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရလပြည်၌ ဘုရားသခင် မရှိသောကြောင့်၊ ဧကြုန် မြို့၏ ဘုရားဗာလဇေဗုပ်သို့သွား၍ မေးမြန်းရသလော။ ထိုကြောင့် သင်သည်ယခုတက်သော သာလွန်ပေါ်က နောက်တဖန်မဆင်းရ။ စင်စစ်သေရမည်ဟု ပြောရမည် အကြောင်း မှာထားပါသည်ဟု လျှောက်ကြ၏။