၄ ရာ 1:7-13 BJB

7 ရှင်ဘုရင်ကလည်း၊ သင်တို့ကိုကြိုဆိုခြင်းငှါ လာ၍ ဤသို့ပြောသောသူကား အဘယ်သို့သော သူနည်းဟု မေးလျှင်၊

8 သူတို့က၊ ထိုသူသည် ကိုယ်၌အမွေးများ၍ သားရေခါးပန်းကို စည်းသောသူ ဖြစ်ပါသည်ဟု လျှောက် ကြသော်၊ ထိုသူသည် တိရှဘိမြို့သား ဧလိယဖြစ်လိမ့်မည် ဟု ရှင်ဘုရင်ဆိုလျက်၊

9 လူငါးကျိပ်အုပ်သော တပ်မှူးကိုစေလွှတ်၍၊ တပ်မှူးသည် တောင်ပေါ်မှာထိုင်သော ဧလိယထံသို့ ရောက်ပြီးလျှင်၊ အိုဘုရားသခင်၏လူ၊ သင်သည် ဆင်းရ မည်အကြောင်း၊ ရှင်ဘုရင်အမိန့်တော်ရှိသည်ဟုဆို၏။

10 ဧလိယကလည်း၊ ငါသည် ဘုရားသခင်၏လူမှန်လျှင်၊ ကောင်းကင်ကမီးကျ၍ သင်နှင့်သင်၏လူ ငါးကျိပ် တို့ကို လောင်ပါစေဟု လူငါးကျိပ်အုပ်သော တပ်မှူးအားဆိုသည်အတိုင်း၊ ကောင်းကင်က မီးကျ၍ သူနှင့်သူ၌ ပါသောလူငါးကျိပ်တို့ကို လောင်လေ၏။

11 တဖန်လူငါးကျိပ်အုပ်သော တပ်မှူးတယောက်ကို ရှင်ဘုရင်စေလွှတ်၍၊ ထိုတပ်မှူးက၊ အိုဘုရားသခင်၏လူ၊ သင်သည် အလျင်အမြန် ဆင်းရမည်အကြောင်း ရှင်ဘုရင် အမိန့်တော်ရှိသည်ဟုဆို၏။

12 ဧလိယကလည်း၊ ငါသည်ဘုရားသခင်၏ လူမှန်လျှင် ကောင်းကင်က မီးကျ၍ သင်နှင့် သင်၏လူငါးကျိပ်တို့ကို လောင်ပါစေဟု သူတို့အား ဆိုသည်အတိုင်း၊ ဘုရားသခင်၏မီးသည် ကောင်းကင်ကကျ၍ သူနှင့်သူ၌ ပါသောလူငါးကျိပ်တို့ကို လောင်လေ၏။

13 တဖန်လူငါးကျိပ်အုပ်သော တတိယတပ်မှူးကို ရှင်ဘုရင်စေလွှတ်သဖြင့်၊ ထိုတပ်မှူးသည်တက်၍ ဧလိယရှေ့မှာဒူးထောက်လျက်၊ အိုဘုရားသခင်၏လူ၊ ကျွန်တော်အသက်နှင့် ကိုယ်တော်ကျွန် ဤလူငါးကျိပ်တို့၏ အသက်ကို နှမြောတော်မူပါ။