၄ ရာ 11:3-9 BJB

3 ထိုနောက်ယောရှသည် ခြောက်နှစ်ပတ်လုံး အရီးနှင့်အတူ ဗိမာန်တော်၌ပုန်းရှောင်လျက်နေ၍၊ အာသလိသည် စိုးစံလေ၏။

4 ခုနစ်နှစ်မြောက်သောအခါ၊ ယောယဒသည် စေလွှတ်၍၊ လူတရာအုပ်၊ တပ်မှူး၊ တပ်သားတို့ကို ခေါ်လေ၏။ ဗိမာန်တော်ထဲသို့ သွင်း၍ ပဋိညာဉ်ဖွဲ့ခြင်း၊ ဗိမာန်တော်၌ သစ္စာတိုက်ခြင်းကို ပြုပြီးမှ၊ ရှင်ဘုရင်၏ သားတော်ကိုပြလေ၏။

5 ယောယဒကလည်း၊ သင်တို့ပြုရသော အမှုဟူ မူကား၊ ဥပုသ်နေ့၌ဝင်သောလူသုံးစုတစုသည် နန်းတော် တံခါးကိုစောင့်ရမည်။

6 တစုသည် သုရတံခါးကို စောင့်ရမည်။ တစု သည် ကင်းနောက် တံခါးကိုစောင့်ရမည်။ ထိုသို့ ဗိမာန် တော်ကို မဖြိုမဖျက်စေခြင်းငှါ စောင့်ရမည်။

7 ဥပုသ်နေ့၌ ထွက်သောလူသုံးစုတွင် နှစ်စုသည် ရှင်ဘုရင်ပတ်လည် ဗိမာန်တော်၌စောင့်ရမည်။

8 လူတိုင်းမိမိလက်နက်ကို ကိုင်လျက် ကိုယ်တော် မြတ်ကို ဝိုင်း၍၊ တပ်ထဲသို့ဝင်သမျှသောသူတို့ကို သတ်ရ မည်။ ရှင်ဘုရင် ထွက်ဝင်တော်မူသောအခါ၊ နောက်တော် သို့ လိုက်ရမည်ဟုမှာထားလေ၏။

9 ထိုသို့ ယဇ်ပုရောဟိတ်ယောယဒမှာထားသမျှ အတိုင်း လူတရာအုပ်တို့သည်ပြု၍၊ ဥပုသ်နေ့၌ထွက်ရသော သူနှင့်ဝင်ရသောသူအသီးအသီးတို့ကို ခေါ်၍ ယဇ်ပုရော ဟိတ် ယောယဒထံသို့ ရောက်သောအခါ၊