၄ ရာ 13:1-4 BJB

1 ယုဒရှင်ဘုရင်အာခဇိသား ယောရှနန်းစံနှစ် ဆယ်သုံးနှစ်တွင်၊ ယေဟုသားယောခတ်သည် ရှမာရိမြို့၌ မင်းပြု၍ ဣသရေလနိုင်ငံကို ဆယ်ခုနစ်နှစ်စိုးစံ၏။

2 ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မရှောင်၊ လိုက်လေ၏။

3 ထိုကြောင့် ထာဝရဘုရားသည် ဣသရေလအမျိုးကို အမျက်ထွက်၍၊ ယောခတ်မင်း လက်ထက် ကာလပတ်လုံး၊ ရှုရိရှင်ဘုရင် ဟာဇေလနှင့်သူ၏သား ဗင်္ယာဒဒ်လက်သို့ ဣသရေလအမျိုးကို အပ်တော်မူ၏။

4 တဖန်ယောခတ်သည် ထာဝရဘုရားကို တောင်းပန်လေ၏။ ရှုရိရှင်ဘုရင်ညှဉ်းဆဲ၍ ဣသရေလအမျိုးသည် အလွန်ခံရကြောင်းကို ထာဝရဘုရားသည်မြင်၍ ယောခတ်စကားကို နားထောင်တော်မူ၏။